စစ်ဧကရာဇ်(Chapter:1681)
(နောက်ဆုံးပြုံးနိုင်သူက ဘယ်သူလဲ)
..................................................
ကူးကျွမ်၊ မိုးပြာနဂါးတပ်မဟာနှင့် မိဖုရားရန်ရှန်းတို့က သုံးပွင့်ဆိုင်အနေအထားဖြင့် ရပ်နေကြသည်။ ပထမဆုံး လှုပ်ရှားသူကို ကျန်နှစ်ဖွဲ့က ဝိုင်းတိုက်ကြမည့်အခြေအနေဖြစ်နေ၍ မည်သူမှ မလှုပ်ရှားကြသေးပေ။"အခုက တွေဝေနေရမယ့် အချိန်မဟုတ်ဘူးနော် မိဖုရားရန်ရှန်း"ကူးကျွမ်က ဖြည်းညင်းစွာ ဆက်ပြောသည်။
"လောလောဆယ် မင်းရဲ့ရည်မှန်းချက်အတိုင်း လက်စားချေသင့်တယ်၊ ပြီးမှ ငါတို့ကြားက မကျေနပ်ချက်တွေကို ပြန်ရှင်းလို့ရတာပဲမလား၊ အခု ငါ့ကိုကူညီလိုက်ရင် မင်းက ကမ္ဘာကိုးခုရဲ့ အရှင်သခင်တစ်ယောက်ဖြစ်လာမှာ၊ အဲ့ဒီအချိန်ကျရင် နေသူရိန်ဂိုဏ်းက နောက်ထပ် အင်မော်တယ်ဧကရာဇ်အများကြီးကို မွေးထုတ်နိုင်မှာလေ"ကူးကျွမ်၏စကားက အဓိပ္ပာယ်ရှိသည်။ ကူးကျွမ်က လီကွမ်ရီကိုသတ်ပြီး မိဖုရားရန်ရှန်းက မိုးပြာနဂါးတပ်မဟာအား ချေမှုန်းနိုင်ခဲ့လျှင် ကမ္ဘာကိုးခု၌ နေသူရိန်ဂိုဏ်းက အနှောက်အယှက်ကင်းစွာ လှုပ်ရှားလာနိုင်ပေလိမ့်မည်။ ထိုနောက်ပိုင်း မိဖုရားရန်ရှန်း၏ ရှေးမင်အသွေးအသားများ ပို၍အားကောင်းလာပါက ကမ္ဘာကိုးခုကို အလုံးစုံထိန်းချုပ်လာနိုင်ခြေရှိသည်။
နောက်ဆုံးတွင် မိဖုရားရန်ရှန်းက တွေဝေမနေတော့ဘဲ မိုးပြာနဂါးတပ်မဟာနှင့်ရင်ဆိုင်ရန် အရှေ့သို့ တိုးလာခဲ့၏။ မိုးပြာနဂါးတပ်မဟာကို အရင်ဆုံး ချေမှုန်းပြီးမှ လီကွမ်ရီကိုရင်ဆိုင်လျှင်လည်း နောက်မကျသေးပေ။
"ဒါက အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပါ ..."ကူးကျွမ်းက စကားဆုံးသည်နှင့် အနောက်သို့ မသိမသာ ဆုတ်ခွာလိုက်သည်။ သူက အခွင့်အရေးရသည်နှင့် လီကွမ်ရီကို ချုပ်နှောင်ထားသော ပူးပေါင်းကိုဆွဲယူပြီး ထွက်ပြေးရန် စဥ်းစားထားသည်။
"ထွက်ပြေးမလို့လား ..."မိုးပြာရောင်နဂါးကြီးက ကူးကျွမ်၏ရည်ရွယ်ချက်ကို ရိပ်မိသည်။ ချက်ချင်းပင် လေထုအတွင်းသို့ လှံဖြင့် ထိုးစိုက်လိုက်၏။ ထိုတိုက်ကွက်က ဧကရာဇ်ပြိုင်ဘက်အဆင့်များကိုပင် တုန်လှုပ်သွားစေနိုင်ပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...