စစ်ဧကရာဇ်(Chapter:1491)
(သူတော်စင်လေးဖော် အိပ်မက်တာအို)
.....................................................
မုန့်ကျန်းထျန်းတစ်ယောက် အကြီးအကျယ် တုန်လှုပ်နေမိသည်။ ပါရမီရှင်တစ်ယောက်ဖြစ်၍ အခြားသူတွေထက် အကျိုးဆက်ကို ပိုနားလည်သည်။ သူ၏စိတ်သန္တာန်၌ အတွင်းနတ်ဆိုး ဝင်ရောက်သွား၍မရပေ။ရှုံးနိမ့်ခြင်းသည် အဆုံးသတ်တော့ မဟုတ်ပေ။ ခေတ်အဆက်ဆက်၌ အင်မော်တယ်ဧကရာဇ်များနှင့် ထိပ်တန်းအဆင့် ပါရမီရှင်များစွာသည် ရှုံးပွဲများနှင့် ရင်ဆိုင်ဖူးသည်။ အင်မော်တယ်ဧကရာဇ်ဖေး၊ အင်မော်တယ်ဧကရာဇ်ဟောက်ဟိုင်နှင့် အင်မော်တယ်ဧကရာဇ်ဖေးယန်တို့သည် ကောင်းကင်စွမ်းအားကို မရရှိခင်အချိန်က ရှုံးပွဲများ ကြုံတွေ့ဖူးကြသည်။ နာမည်ကျော် ဧကရီဟုန်ထျန်းသည်ပင် ငယ်စဥ်က ရှုံးနိမ့်ခဲ့ဖူး၏။
သမိုင်းတစ်လျှောက် အရှုံးဖြင့် မကြုံဖူးသူမှာ အင်မော်တယ်ဧကရာဇ်ကျောင်းဟန်တစ်ယောက်သာ ရှိပေသည်။
ထို့ကြောင့် ရှုံးပွဲတစ်ပွဲကြုံရုံဖြင့် ရှက်ရွံ့နေစရာမလိုသလို စိတ်ဖိစီးနေဖို့လည်း မလိုအပ်ချေ။
အဆိုးဆုံးမှာ တာအိုနှလုံးသား ယိမ်းယိုင်သွားခြင်းဖြစ်သည်။ အတွင်းနတ်ဆိုးဝင်ပြီး တာအိုနှလုံးသား ယိမ်းယိုင်သွားပါက လွန်စွာ ကြောက်စရာကောင်းသည်။ ဤသည်မှာ ကောင်းကင်စွမ်းအားကို လိုချင်သူတိုင်းအတွက် သတိပြုစရာဖြစ်ပေသည်။ ပါရမီရှင်များအတွက် ရှုံးပွဲသည် ရှက်စရာမဟုတ်သော်လည်း တာအိုနှလုံးသား ယိမ်းယိုင်သွားခြင်းက အရှက်ရစရာဖြစ်၏။
လက်ရှိအချိန်၌ မုန့်ကျန်းထျန်း၏စိတ်ထဲ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိသည်။ သူသည် လီကွမ်ရီ၏ပြိုင်ဘက်မဟုတ်ဘူးလော။ ထိုအတွေးက သူ့ကို လွန်စွာ ထိတ်လန့်နေစေခဲ့သည်။
နဂါးနက်ဘုရင်၏ အရိပ်ဆိုးမှ လွတ်မြောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ယခုတစ်ဖန် လီကွမ်ရီနှင့် ရင်ဆိုင်အပြီး အလားတူအခြေအနေဖြင့် ထပ်မံကြုံတွေ့နေရပြန်သည်။ ဤသည်က သူ့အတွက် လက်ခံနိုင်ဖို့ ခက်ခဲလွန်းလှ၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...