စစ်ဧကရာဇ်(Chapter:1281)
(ရန်သူတွေကို သုတ်သင်ခြင်း)
.............................................
ငွေဖြူရောင်မြေခွေးတပ်အတွက် သွေးပူစရာ အခြေအနေပင် မရှိချေ။ အင်မော်တယ်ဧကရာဇ်၏ စစ်တပ်ကိုပင် အနိုင်ယူဖူးသူတွေအတွက် အဆိပ်ဘီလူးနိုင်ငံနှင့် သွေးငါးမန်းရွာက စာဖွဲ့စရာပင် မရှိပေ။အား ... မိစ္ဆာနဂါးပင်လယ်တစ်ခုလုံး သွေးပျက်ဖွယ် အော်ဟစ်သံတွေဖြင့် ဆူညံသွားခဲ့၏။ အချိန်တိုအတွင်းမှာပင် နေရာတိုင်းသည် လှိုင်းလုံးတွေဖြင့် ပွက်လောရိုက်သွားခဲ့သည်။
"သတ် ..."စစ်ခရာသံတွေနှင့် ကြွေးကြော်သံတွေက အဆိပ်ဘီလူးနိုင်ငံနှင့် သွေးငါးမန်းရွာ၌ ပဲ့တင်ထပ်နေခဲ့သည်။ ထို့ပြင် အဖွဲ့နှစ်ခုလုံး၏ ခံစစ်အရံအတားတွေ အသက်ဝင်လာပြီး အချက်ပေးခေါင်းလောင်းသံတွေ ဆူညံသွားခဲ့၏။ သို့သော် အင်အားချင်း ကွာခြားလွန်းရကား အဆိပ်ဘီးလူးနိုင်ငံနှင့် သွေးငါးမန်းရွာမှာ ဘာမှ မတတ်နိုင်ကြပေ။ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း ငွေဖြူရောင်မြေခွေးတပ်၏ မြင်းခွာတွေအောက် ပြုသမျှ ခံနေကြရတော့သည်။
"သူတို့ကို သတ်လိုက် ..."စစ်ပွဲ၏ ကြွေးကြော်သံတွေက တဖြည်းဖြည်း ပြန်လည်တိတ်ဆိတ်လာခဲ့သည်။ နေရာအနှံ့ အလောင်းတွေဖြင့် ပြည့်နှက်နေခဲ့၏။ လွန်စွာ ကံကောင်းလွန်းသူတွေသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်တစ်ခုလုံးလည်း သွေးရောင်လွှမ်းသွားခဲ့ရ၏။
ဝုန်း ... နောက်ဆုံးတွင် ဂိုဏ်းနှစ်ခု၏ ဘိုးဘေးမြေပြင်တွေ ဖျက်ဆီးခံလိုက်ရတော့၏။ ပင်လယ်နတ်ဆိုးဂိုဏ်းနှစ်ခုမှာ မိစ္ဆာနဂါးပင်လယ်မှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ ဘိုးဘေးမြေပြင် ပျက်စီးသွားခဲ့၍ ထိုဂိုဏ်းနှစ်ခုလုံး ပြန်လည်ရှင်သန်နိုင်ဖို့ မလွယ်ကူတော့ပေ။
ထိုနှစ်ဖွဲ့သည် တုံထင်ရေကန်ကို သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ စစ်သည်အားလုံးကလည်း တက်ကြွခဲ့ကြ၏။ တုံထင်ရေကန်၏ အရင်းအမြစ်တွေကို ယူနိုင်ဖို့ထက် တုံထင်ရေကန်၏ မိန်းကလေးတပည့်တွေကို လိင်ကျွန်အဖြစ် အသုံးချဖို့ ပိုစိတ်ဝင်စားခဲ့ကြသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...