စစ်ဧကရာဇ်(Chapter:1611)
(အိပ်မက်နဂါးဘုရင်)
.............................
လီကွမ်ရီနှင့် ကျစ်ချူးနင်တို့၏ ကောလဟာလ သတင်းများကို နေသူရိန်ဂိုဏ်းလည်း ကြားခဲ့ရသည်။ ထိုကောလဟာလများက သူတို့အတွက် အဆင်မပြေပေ။ အနာဂတ်တွင် ကျစ်ချူးနင်က သူတို့၏သခင်မ၊ သို့မဟုတ် အင်မော်တယ်ဧကရာဇ်၏ မိဖုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ကောလဟာလများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မကြားချင်ကြပေ။ကောလဟာလများကို ရပ်တန့်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ လီကွမ်ရီကို သတ်ပစ်ရန်ဖြစ်သည်။
"မင်းတို့နှစ်ယောက်က မိတ်ဆွေတွေဆိုရင် လာခဲ့ပါ"နေသူရိန်ဂိုဏ်း၏ အကြီးအကဲက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
"ဟားဟား ... အင်မော်တယ်ဧကရာဇ်ငါးပါး ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းတစ်ခုက ဒီလိုအမြင်ကျယ်သင့်တာပေါ့"လီကွမ်ရီက ရယ်လိုက်သည်။
နေသူရိန်ဂိုဏ်း၏ အကြီးအကဲမှာမူ ပြန်မပြောဘဲ နှုတ်ဆိတ်၍သာ ရှိနေသည်။
"နေသူရိန်ဂိုဏ်းက တကယ်ကို အလျှော့ပေးနေတာပဲ"ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
ယခုလိုဖြစ်လာမည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ အားလုံး ထင်မှတ်ထားသည်မှာ အကြီးအကဲက လီကွမ်ရီကို တားဆီးမည်။ ထိုအခါ လီကွမ်ရီက ဒေါသထွက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာမည်ဟုသာ မျှော်လင့်ထားကြသည်။
ယခုမူကား အကြီးအကဲက လီကွမ်ရီကို ကျစ်ချူးနင်နှင့် တွေ့ခွင့်ပေးခဲ့သည်။ ယင်းမှာ အားလုံးကို အံ့အားသင့်စေခဲ့၏။ နေသူရိန်ဂိုဏ်းဟူသည်ကား အဘယ်သို့နည်း။ သူတို့သည် မြောက်ပိုင်းပင်လယ်သို့ ရောက်လာပြီးကတည်းက နိုင်ထက်စီးနင်း လုပ်ခဲ့သူများ ဖြစ်ကြသည်။ လူတိုင်းအပေါ် ရန်လိုမှုဖြင့်သာ ဆက်ဆံတတ်သူများ ဖြစ်ပေသည်။
ယခင်က လီကွမ်ရီနှင့် ကျစ်ချူးနင်တို့အကြား မည်သည့်ဆက်ဆံရေး ရှိစေကာမူ လက်ရှိအချိန်၌ ကျစ်ချူးနင်က လုံအောင်းထျန်းနှင့်လက်ထပ်ရန် သဘောတူထားပြီဖြစ်သည်။ သို့သော် လီကွမ်ရီက အိမ်ထောင်ရေးမဟာမိတ်ကို အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်နေပေသည်။ ထိုသို့သော လုပ်ရပ်မျိုးက နေသူရိန်ဂိုဏ်းကို သေချာပေါက် ဒေါသထွက်စေပေလိမ့်မည်။ သို့သော် နေသူရိန်ဂိုဏ်းက သတိကြီးစွာထားပြီး လီကွမ်ရီကို ကျစ်ချူးနင်နှင့် တွေ့ခွင့်ပေးခဲ့၏။ ဤသည်မှာ သူတို့၏ဂုဏ်သိက္ခာကို ကျဆင်းစေပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...