စစ်ဧကရာဇ်(Chapter:1501)
(ဝင်္ကပါကို ဖျက်ဆီးခြင်း)
...................................
ဤအချိန်အထိ ဧရာမပုံရိပ်ကြီးက လီကွမ်ရီကို အေးတိအေးစက်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။လီကွမ်ရီကလည်း ဧရာမပုံရိပ်ကြီးကို ဂရုမစိုက်ဟန်ဖြင့်သာ ရှိနေခဲ့သည်။ သူက ညင်သာစွာ ပြုံးလိုက်ပြီး ...
"မင်းရဲ့ ဝိညာဥ်ချောက်နက်က တော်တော်များများကို သိထားတယ်၊ နတ်ရှုံးတောင်ရဲ့ လျှို့ဝှက်ချက်တချို့ကို ရှာတွေ့ထားတာလည်း ငါသိပါတယ်၊ ဒါပေမယ့် ကံမကောင်းစွာပဲ မင်းတို့ရင်ဆိုင်နေရတာက ငါဖြစ်နေတယ်လေ၊ ဒါက မင်းတို့အတွက် အဆုံးသတ်လို့ပြောရတော့မှာပေါ့ ...""လီကွမ်ရီ၊ မင်းရဲ့ပါးစပ်ကို ပိတ်ထားစမ်း၊ အထဲမှာ ပုန်းမနေဘဲ အပြင်ထွက်လာပြီး တိုက်ခိုက်ရဲလား"နောက်ဆုံး၌ အမှောင်သခင်မင်းသားမှာ ဒေါသကို မချုပ်တည်းနိုင်တော့ဘဲ ပုံရိပ်ကိုယ်စား ပြန်ဖြေလိုက်သည်။
"ဟမ် ... မင်းတို့ကို ကြောက်စရာအကြောင်းမရှိပါဘူး၊ ဒါပေမယ့် မင်းတို့အားလုံးကို သတ်ပစ်တာက အရင်းအမြစ်တွေကို ဖြုန်းတီးသလိုဖြစ်သွားမှာပေါ့၊ မင်းတို့ကို အသုံးချစရာရှိသေးတယ် ..."
"ကောင်းပြီ၊ လီကွမ်ရီ ... ဒီတစ်ကြိမ် မင်းအနိုင်ရရင် ငါထွက်သွားပေးမယ် ..."မုန့်ကျန်းထျန်း၏ အေးတိအေးစက် အသံလည်း ထွက်ပေါ်လာပြန်သည်။
"ဟားဟား ... အရှုံးသမားတစ်ယောက်က ဒီလိုပြောဖို့ အရည်အချင်းမရှိဘူး"လီကွမ်ရီက ပြန်လည်လှောင်ပြောင်သည်။
ထိုစကားများက မုန့်ကျန်းထျန်းကို ဒေါသထွက်သွားစေခဲ့သည်။ သို့သော် ပြန်ပြောရန်စကားလုံး ရှာမတွေ့ခဲ့ချေ။ သူသည် စစ်မြေပြင်၌လည်း လီကွမ်ရီကို မယှဥ်နိုင်သလို စကားလုံးတိုက်ပွဲ၌လည်း ပြိုက်ဘက်မဟုတ်ခဲ့ချေ။
"ထွက်လာပြီး အရှုံးပေးစမ်း ကောင်စုတ်လေး၊ ဒါဆို မင်းကိုမသတ်တော့ဘူး ..."နောက်ဆုံးတွင် ခရုဘုရင်ကလည်း အေးတိအေးစက်ပြောလိုက်သည်။
"ဟမ် ... မင်းတို့အားလုံး သေရတော့မှာမို့ အရှက်မရှိ ကြွားနေစရာမလိုဘူး၊ သနားစရာပဲ၊ မင်းတို့ ဘယ်လိုသေရမယ်ဆိုတာတောင် မသိဘူးမလား ..."လီကွမ်ရီက ပြုံး၍လှောင်ပြောင်လိုက်ပြန်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...