1371 - 1375

90 3 0
                                    

စစ်ဧကရာဇ်(Chapter:1371)
(အလင်းနတ်ဘုရားသခင်)
...................................
     မြေဘုရင်၏ ဒေါသက ပိုမိုပြင်းထန်လာခဲ့သည်။ သူသည် ပြင်ပသို့ ထွက်ခဲသော်လည်း သူထွက်လာချိန်၌ လူတိုင်းက အလေးထားဆက်ဆံကြရ၏။ ဘိုးဘေးအဆင့်တွေပင် သူ့ကို အရိုအသေပေးကြရသည်။ သို့သော် ယနေ့မှာတော့ လူငယ်မျိုးဆက်လေးတစ်ယောက်က မထီမဲ့မြင်ပြုနေခဲ့၏။ အဘယ်မှာ ဒေါသမထွက်ဘဲ နေနိုင်တော့မည်နည်း။

     "ဝိညာဥ်ကမ္ဘာမှာ အားကောင်းသူတွေ အများကြီးရှိတာလား ... ငါမငြင်းပါဘူး ..."လီကွမ်ရီက မြေဘုရင်ကို ပြုံး၍ကြည့်လိုက်သည်။
     "ဒါပေမယ့် ဒီမျိုးဆက်ရဲ့ အင်မော်တယ်ဧကရာဇ်က ငါကလွဲပြီး ဘယ်သူမှဖြစ်လာမှာ မဟုတ်ဘူး ..."

     ထိုစကားတွေက လွန်စွာမောက်မာလွန်းသည်။ အားလုံးမှာ လီကွမ်ရီကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိကြ၏။ တစ်ဆက်ထဲမှာ ချောင်ကောကျန့်ကို ဝိုင်းကြည့်လိုက်ကြသည်။ ချောင်ကောကျန့်၏ အမူအရာကို အကဲခတ်လိုက်မိကြသည်။ ယနေ့ခေတ်တွင် ချောင်ကောကျန့်၏ဆရာဖြစ်သူ မုန့်ကျန်းထျန်းက အင်မော်တယ်ဧကရာဇ်ဖြစ်ရန် ရေပန်းအစားဆုံးဖြစ်သည်။ ယခုတော့ လီကွမ်ရီက သူမှတစ်ပါး အခြားသူတွေအတွက် အခွင့်အရေးမရှိဟု ဆိုလာခဲ့သည်။ ယင်းမှာ မုန့်ကျန်းထျန်းကို ဂရုမစိုက်ဟု ပြောင်ပြောင်တင်းတင်း ပြောလိုက်ခြင်းသာတည်း။

     "ကြီးကျယ်လိုက်တာ ..."ချက်ချင်းပင် ချောင်ကောကျန့်က အော်ပြောသည်။
     "မင်းရဲ့အဆင့်နဲ့ ငါ့ဆရာကို ယှဥ်နိုင်မယ်လို့ထင်နေတာလား ..."

     "ဟမ် ... မင်းရဲ့ဆရာက ဘယ်သူလဲ ..."လီကွမ်ရီက ချောင်ကောကျန့်ကို ပြုံး၍ပြန်ကြည့်သည်။

     ချောင်ကောကျန့်မှာ ပို၍ပင် ဒေါသထွက်သွားရတော့သည်။ ဝိညာဥ်ကမ္ဘာ၌ သူ့ဆရာကို မသိသူမရှိပေ။ လူတိုင်းက သူ့ဆရာကို လေးစားကြရသည်။ သူက ဒေါသကို ချုပ်ထိန်းလိုက်ပြီး ...
     "ငါ့ဆရာက အင်မော်တယ်ဧကရာဇ်တွေနဲ့ ယှဥ်နိုင်တဲ့ ဝိညာဥ်ကမ္ဘာရဲ့နာမ်ပါတ်တစ် မုန့်ကျန်းထျန်း၊ အင်မော်တယ်ဧကရာဇ်တကောင်းတောင် အစ်ကိုကြီးလို့ လေးလေးစားစား ခေါ်ရတဲ့သူ ..."ချောင်ကောကျန့်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora