စစ်ဧကရာဇ်(Chapter:1116)
(ပြောဖို့ခက်ခဲတဲ့ စကား)
.....................................
ဧကရာဇ်စစ်သည်တွေအားလုံး ပျောက်ကွယ်သွားသည်အထိ လီကွမ်ရီမှာ ငေးမောနေမိသည်။ အချိန်တစ်ခု ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေမိခဲ့သည်။ နောက်ဆုံးမှာတော့ ချန်ပေါင့်ကျန်းက လီကွမ်ရီကို ကြည့်ပြီး မေးသည်။ သူမရဲ့ သိချင်စိတ်ကို မအောင့်အီးနိုင်တော့ပေ။
"သခင်လေး၊ သူတို့တွေ လုပ်နိုင်ပါ့မလား၊ အဆုံးတစ်ဖက်ကို သူတို့ ရောက်သွားနိုင်လား""ငါမသိဘူး၊ သူတို့အားလုံး ဘေးကင်းဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး"လီကွမ်ရီက ကောင်းကင်ယံထက် ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"စိတ်မပူပါနဲ့၊ သူတို့တွေ အောင်မြင်မှာပါ ..."လီကွမ်ရီ စိတ်ပူနေတာကို ရိပ်မိပြီး လီရှောင်းရန်က အားပေးလိုက်သည်။
"ငါလည်း အဲ့ဒီလို မျှော်လင့်ထားပါတယ်"လီရှောင်းရန်ရဲ့ အားပေးစကားကို ကြားပြီးနောက် လီကွမ်ရီက ပြုံးရွှင်စွာ ပြန်ပြောလိုက်သည်။
ခရီးသွားလွင်ပြင်ဟူသည်က လျှို့ဝှက်နက်နဲမှုတွေအပြည့်နှင့် ဖြစ်သည်။ အဆုံးတစ်ဖက်ကို ရောက်ဖို့ဆိုသည်မှာ တစ်ဦးချင်းစီရဲ့ အစွမ်းအစပေါ် မူတည်နိုင်သည်။ ဒါ့အပြင် လမ်းခရီးတစ်လျှောက်မှာ ကွဲပြားခြားနားတဲ့ လမ်းကြောင်းတွေ ကြုံရနိုင်ပြီး မတူညီတဲ့ နေရာတွေဆီ ပို့ဆောင်ခြင်း ခံရပေလိမ့်မည်။ ဒါကြောင့် တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အစွမ်းအစပေါ် မူတည်ပြီး ပြန်လည်ရရှိမည့် အသီးအပွင့်က အမျိုးမျိုး ပြောင်းလဲသွားပေလိမ့်မည်။
"ခရီးသွားလွင်ပြင်နဲ့ မိစ္ဆာသတ်ကွင်း နှစ်ခုလုံးက မရဏကမ္ဘာလိုပဲ နက်နဲတဲ့အရာတွေနဲ့ ပြည့်နေတာ"ပုလျန်ရှန်းက တီးတိုး ညည်းညူလိုက်သည်။ သူမရဲ့ စကားလုံးတွေဖြင့် လီကွမ်ရီကို မနှစ်သိမ့်ပေးသော်လည်း သူမရဲ့ လက်တွေက လီကွမ်ရီရဲ့ လက်ချောင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
ပုလျန်ရှန်းရဲ့ စကားတွေက ကျန်တဲ့ မိန်းကလေးများကို ပို၍ သိလိုစိတ်တွေ ပြင်းပြလာစေခဲ့သည်။ ချက်ချင်းလိုလိုပင် လေးယောက်လုံးက ပုလျန်ရှန်းကို ကြည့်လိုက်ကြသည်။ ဒါ့အပြင် သူတို့အားလုံးက အမှောင်လောကလှေပေါ် ပုလျန်ရှန်း ကြုံတွေ့ခဲ့ရသည့် အရာတွေကို သိရှိလိုကြသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...