1456 - 1460

76 4 0
                                    

စစ်ဧကရာဇ်(Chapter:1456)
(ပင်လယ်ဒိုင်းသခင်မင်းသား)
.......................................
     လီကွမ်ရီနှင့် ပင်လယ်ခုနစ်သွယ် သိုင်းနတ်သမီးတို့သည် အချိန်အတော်ကြာသည်အထိ စကားပြောခဲ့ကြ၏။ နောက်ဆုံး၌ သူမသည် ပြန်လည်ထွက်ခွာဖို့ပြင်သည်။ ဤအချိန်၌ သူမ၏မူအရာက ရောက်လာချိန်နှင့် မတူတော့ဘဲ လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

     "ဟေ့ ... ဘဝင်ရူးကောင်၊ ပင်လယ်ခုနစ်သွယ် သိုင်းနတ်သမီးနဲ့ ဘာအကြောင်းတွေ ပြောနေကြတာလဲ"သိုင်းခုနစ်ပါးစံအိမ်အဖွဲ့ ပြန်သွားပြီးနောက် ယဲ့ရှောင်ရှောင်းက အလျင်အမြန်ဝင်လာပြီး စပ်စုသည်။ ရက်အတော်ကြာ စကားပြောနေကြခြင်းဖြစ်၍ သာမန်အကြောင်းအရာတွေ မဖြစ်နိုင်မှန် သူမ၏စိတ်ထဲ ခံစားမိသည်။

     လီကွမ်ရီက ယဲ့ရှောင်ရှောင်းကို ပြုံး၍ကြည့်လိုက်သည်။
     "ယောက်ျားနဲ့မိန်းမ အတူတူရှိနေမှတော့ ဘယ်လိုအကြောင်းအရာတွေ ပြောမယ်လို့ထင်လဲ ..."

     "ဟမ် ..."ယဲ့ရှောင်ရှောင်း၏ မျက်နှာတစ်ပြင်လုံး နီရဲသွားခဲ့တော့သည်။ ချက်ချင်းပင် လီကွမ်ရီ၏ ခြေထောက်ပေါ် ဆောင့်နင်းလိုက်သည်။
     "နင်က ဖောက်ပြန်တာပေါ့လေ၊ သေလိုက်စမ်း ..."

     "ဟေ့ဟေ့ ... မဟုတ်တာတွေမတွေးနဲ့ ကောင်မလေး၊ ငါတို့က အကျိုးအမြတ်အတွက် စကားပြောနေကြတာ ..."လီကွမ်ရီက ရှက်နေသည့် ယဲ့ရှောင်ရှောင်းကိုကြည့်ပြီး ရယ်လိုက်သည်။
     "မင်းရဲ့စိတ်က အရမ်းညစ်ပတ်တာပဲ၊ မဟုတ်တာတွေပဲ တွေးနေတယ် ..."

     "ဟမ် ... ထပ်ပြောလိုက်စမ်း ..."ယဲ့ရှောင်ရှောင်းက ဒေါသတကြီးရိုက်နှက်ဖို့ ဟန်ပြင်လိုက်သည်။

     ထိုအခါမှသာ လီကွမ်ရီက စနှောက်ခြင်းကိုရပ်လိုက်၏။ ပြီးနောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ဤအချိန်၌ မြို့သည် လွန်စွာ အသက်ဝင်နေသော်လည်း ကောင်းကင်ကြီးသည် တိတ်ဆိတ်ပြီး အထီးကျန်သလို ဖြစ်နေပေသည်။

     "ထွက်ခွာဖို့ ပြင်ကြတော့၊ ဆက်မစောင့်တော့ဘူး ..."နောက်ဆုံးတွင် လီကွမ်ရီက သက်ပြင်းချပြီး ပြောသည်။ သူ၏ရည်ရွယ်ချက်မှာ ဤနေရာမှထွက်ခွာပြီး စုယုန်ဟောင်နှင့် ဆုံတွေ့ဖို့ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora