စစ်ဧကရာဇ်(Chapter:1351)
(ထူးဆန်းသောနေရာ)
..............................
လျှိုရူယန်နှင့် ကျိုးကျန့်ရှစ်တို့က နတ်သမီးကို စိုက်ကြည့်နေသည့် လီကွမ်ရီအား သတိပြုမိခဲ့ကြသည်။ နှစ်ယောက်သား အနည်းငယ် တုန်လှုပ်သွားခဲ့ရ၏။ စိတ်ထဲတွင်လည်း တစ်ခုခုကို နားလည်သွားခဲ့ကြသည်။ သူတို့၏ ပင်ကိုယ်မသိစိတ်မှ လီကွမ်ရီ၏ စိတ်ပြောင်းလဲခြင်းသည် နတ်သမီးနှင့် သက်ဆိုင်ကြောင်း ရိပ်မိလိုက်ကြသည်။သို့သော် စိတ်ထဲ သိပ်မရှင်းကြပေ။ အကယ်၍ နတ်သမီးကြောင့် ဆိုလျှင်လည်း ယခင်အကြိမ်ကတည်းနှင့် သိုင်းခုနစ်ကွက်ကို အဘယ်ကြောင့် တောင်းဆိုနေတော့မည်နည်း။ ပထမအကြိမ် တတိယအကြီးအကဲ ရောက်လာစဥ်ကတည်းနှင့် မူလပင်လယ်နတ်ဘုရားနှင့် တွေ့ခွင့်ပေးဖို့ တောင်းဆိုသင့်သည် မဟုတ်လော။ နတ်သမီးကြောင့် စိတ်ပြောင်းသွားခြင်းမှာ ယုတ်တိမတန်ပေ။
ညီအစ်မနှစ်ယောက်လုံး ဖြစ်နိုင်ခြေကို စဥ်းစားပြီး ခေါင်းရှုပ်နေမိကြသည်။ အကြောင်းရင်းမှန်ကို ရှာမတွေ့ခဲ့သော်လည်း နောက်ဆုံး၌ နတ်သမီးနှင့် အနည်းငယ် သက်ဆိုင်မည်ဟု ယူဆလိုက်ကြသည်။
လီကွမ်ရီမှာ နတ်သမီးကို စိုက်ကြည့်ရင်း အတွေးပေါင်းများစွာဖြင့် ချာချာလည်နေမိသည်။ ယခုရွေးချယ်မှုအတွက် နောင်တမရပေ။ ကမ္ဘာကိုးခုကို ကာကွယ်ပေးဖို့အတွက် သူ့စိတ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
သူသည် ဝိညာဥ်ကမ္ဘာရှိ ပင်လယ်နတ်ဆိုး၊ ညှို့ဓာတ်ပြင်းဝိညာဥ်နှင့် သစ်ပင်မျိုးနွယ်တွေ၏ အနာဂတ်ကို ဂရုမစိုက်ပေ။ ထိုအတွက်လည်း အခြားသူတွေ၏ ထင်မြင်ချက်ကို အလေးထားနေမည် မဟုတ်ပေ။ နှစ်သန်းပေါင်းများစွာအတွင်း သူ့ကြောင့် သေသွားရသူတွေ ရှိသလို ကြီးပွားချမ်းသာသွားသူတွေလည်း မရေတွက်နိုင်ပေ။ ထို့ကြောင့် အချို့က သူ့ကို သားသတ်သမား၊ လူဆိုးလူမိုက်အဖြစ် ပုံဖော်ကြသလို အချို့ကလည်း ကမ္ဘာကိုးခု၏ ကယ်တယ်ရှင်အဖြစ် တင်စားခဲ့ကြသည်။
သို့သော် လူတွေ၏ ထင်မြင်ချက်က သူ့အပေါ် မသက်ရောက်ပေ။ ကဲ့ရဲ့ခံရသည်ဖြစ်စေ၊ ချီးမွမ်းခံရသည်ဖြစ်စေ မည်သည့်အရာမှ သူ့စိတ်ထဲ မရှိခဲ့ပါ။ သို့သော် နတ်သမီး၏ စကားက သူ့စိတ်ကို လှုပ်ခါနိုင်ခဲ့သည်။ ဤကမ္ဘာပေါ်၌ သူဂရူစိုက်သည့်အရာ မရှိဘူးလား။ ထိုမေးခွန်းက သူ့နှလုံးသားထဲ အနက်ရှိုင်းဆုံးနေရာအထိ ဝင်ရောက်သွားခဲ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...