စစ်ဧကရာဇ်(Chapter:1386)
(တားမြစ်ဇုန်အတွင်းပိုင်း)
..................................
လီကွမ်ရီ၏အရှေ့တွင် တားမြစ်ဇုန်၏ ပင်လယ်ရေတွေ မရှိတော့ဘဲ ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေခဲ့သည်။ ပင်လယ်ရေတွေက မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။ ထိုအဖြေကို ဖြေနိုင်သူ သိပ်မရှိလောက်ပေ။အရိုးစုမြင်းမှာ ဟင်းလင်းပြင်ကြီးအရှေ့ ရပ်ပြီး အကူအညီမဲ့နေခဲ့သည်။ သူက ခွာတစ်ချက်ပေါက်လိုက်သည်။ ပြီးနောက် စိတ်မရှည်တော့ဟန်ဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။
"စိတ်ရှည်ရှည်ထားပါ ကောင်လေး ..."လီကွမ်ရီက အရိုးစုမြင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။
သို့သော် အရိုးစုမြင်းက ဂနာမငြိမ်သေးပေ။ သူ့စိတ်ထဲ ဟင်းလင်းပြင်ကြီးကို အမြန်ဆုံး ကျော်ဖြတ်ချက်စိတ်ကသာ ကြီးစိုးနေခဲ့သည်။
တကယ်တော့ ဟင်းလင်းပြင်ကြီးက သဘာဝအတိုင်း ဖြစ်တည်နေခြင်း မဟုတ်ပေ။ အင်မော်တယ်ဧကရာဇ် အများအပြား၏ တိုက်ခိုက်ခြင်းကို ကြိမ်ဖန်များစွာခံခဲ့ရ၍ ပင်လယ်က အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး ကျိုးပြတ်သွားခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ၊ ဒီနေရာကို ကျော်ဖြတ်နိုင်အောင် မင်းကို ကူညီပေးမယ် ... ဒါပေမယ့် မင်းနဲ့တော့ အတူမလိုက်နိုင်ဘူးနော် ... ငါ့မှာလည်း လုပ်စရာတွေ ရှိသေးတယ်လေ ..."လီကွမ်ရီက အရိုးစုမြင်းကို ကြည့်ပြီး အလေးအနက်ပြောလိုက်သည်။
ထို့နောက် လီကွမ်ရီက အရိုးကျွန်းသခင်ထံမှ ငှားရမ်းခဲ့သော လှေငယ်လေးကို ထုတ်သည်။ ပြီးနောက် လှေပေါ်ခုန်တက်လိုက်သည်။ တစ်ချိန်ထဲမှာပင် အရိုးစုမြင်းကလည်း တုံ့ဆိုင်းမနေဘဲ လှေပေါ်ခုန်တက်လိုက်သည်။
"သွားကြရအောင် ..."လီကွမ်ရီက ညင်သာစွာ ပြောသည်။ စက္ကန့်ပိုင်းအတွင်း လှေငယ်လေးက တဖြည်းဖြည်း တောက်ပလာခဲ့၏။ အချိန်တိုအတွင်းမှာပင် ဖန်ထည်အလား သိသိသာသာ တောက်ပလာခဲ့သည်။
ဝှစ် ... နောက်ဆုံးတွင် လှေက ဟင်းလင်းပြင်အတွင်းသို့ နဂါးတစ်ကောင်အလား ခုန်ဆင်းသွားခဲ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...