စစ်ဧကရာဇ်(Chapter:1141)
(ငါက ပြိုင်ဘက်ကင်းတယ်)
...........................................
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်အထက် တစ်နေရာမှာ ရှိနေတဲ့ တောင်ပိုင်းအင်ပါယာကို ကြည့်သည်။ တစ်ဆက်ထဲမှာ မာကူးကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် သူ့ရဲ့ အကြည့်တွေက လီကွမ်ရီဘေးမှာ ရပ်နေတဲ့ ပုလျန်ရှန်းထံ ကျဆင်းသွားခဲ့သည်။ ချက်ချင်းပင် အသက်ရှူသံတွေ မြန်ဆန်လာခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် ရေရွတ်လိုက်မိသည်။
"ဒါ ... ဒါက အားအကောင်းဆုံး တာအိုကာကွယ်သူအစုအဖွဲ့လို့ ပြောလို့ရပြီလား ..."တစ်ဖက်မှာတော့ ရက်စက်တောင်တန်းရဲ့ အသက်ရှင်ကျန်နေသေးတဲ့ တပည့်အများအပြားမှာ ယူကြုံးမရ ဖြစ်နေခဲ့ကြသည်။ အားလုံးမှာ မြေပြင်ပေါ် ပြားပြားဝပ်နေခဲ့ကြသည်။ သူတို့ထံ၌ ယုံကြည်မှု မရှိတော့သလို မည်သည့် ဂုဏ်သိက္ခာမှလည်း မကျန်တော့ပေ။ ဧကရာဇ်ရုပ်ကြွင်းတစ်ခုလုံး ပြာအတိ လောင်ကျွမ်းခံရပြီးနောက်မှာတော့ ရက်စက်တောင်တန်းအတွက် အရာအားလုံး ဆုံးရှုံးသွားပြီဟု ဆိုနိုင်သည်။
ယခင်ကဆိုလျှင် သူတို့အားလုံးက ရက်စက်တောင်တန်းရဲ့ တပည့်တစ်ယောက် ဖြစ်ခွင့်ရခြင်းကို ဂုဏ်ယူခဲ့ကြသည်။ သူတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ အင်မော်တယ် ဧကရာဇ်တကောင်းက ကမ္ဘာကိုးခုကို နောက်ဆုံး အုပ်စိုးခဲ့တဲ့ ဧကရာဇ်ဖြစ်သည်။ ဧကရာဇ်တကောင်းကြောင့်သာ ရက်စက်တောင်တန်းဟူ၍ ဖြစ်တည်လာခြင်း ဖြစ်သည်။
ယခုမူကား တစ်ခုတည်းသော ကျန်ရှိနေတဲ့ ဧကရာဇ်ရဲ့ ရုပ်ကြွင်းကလည်း ပြာအဖြစ် လောင်ကျွမ်းသွားပြီ ဖြစ်သည်။ သူတို့အတွက် အရာအားလုံး ပြိုလဲခဲ့သည်။ လီကွမ်ရီတို့အဖွဲ့ ရက်စက်တောင်တန်းကို ဆက်လက် မဖျက်ဆီးလျှင်တောင်မှာ ယခင်လို ပြန်လည်အားကောင်းဖို့ဆိုသည်မှာ မလွယ်ကူတော့ပေ။
"အဆုံးသတ်ဖို့ အချိန်ကျပြီ"လီကွမ်ရီက အေးတိအေးစက် ပြောလိုက်သည်။ သူက ကောင်းကင်ထက်၌ အေးဆေးတည်ငြိမ်စွာ ရပ်နေခဲ့သော်လည်း လူတိုင်းမှာ သူ့ကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
ယနေ့မှစ၍ မည်သူမဆို လီကွမ်ရီကို ပမာမခန့် လုပ်လို့မရတော့ပေ။ မည်မျှအားကောင်းသည့် အဖွဲ့အစည်းဖြစ်နေပါစေ လီကွမ်ရီနဲ့ ပြဿနာမဖြစ်အောင် ရှောင်ရှားရတော့မည် ဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...