စစ်ဧကရာဇ်(Chapter:1106)
(ကောင်းကင်ကို ဖိနှိပ်နိုင်တဲ့ လက်သီး)
.........................................................
တိုက်ပွဲ ရလဒ်က လူများစွာကို မိန်းမောပြီး တုန်လှုပ်သွားစေခဲ့သည်။ အားလုံးမှာ ယခုလို အခြေအနေမျိုး တွေ့ရမည်ဟု လုံးဝ မမျှော်လင့်ထားကြပေ။အချိန်များစွာ ဆွံ့အ နေခဲ့ကြပြီး နောက်ဆုံးမှာတော့ လူငယ်တစ်ဦးက ဝမ်းမြောက်ဝမ်းသာဖြင့် အော်ပြောလိုက်သည်။
"လင်ထျန်းတိနဲ့ ကျန့်ရှစ်တို့ရဲ့ မဟာတာအိုအသစ်က လီကွမ်ရီကို တကယ် ဟန့်တားနိုင်တာပဲ""ဒါက တကယ့်ကို အံ့သြဖွယ်ရာပါပဲ"နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးတစ်ဦးကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"လူငယ်တွေရဲ့ မြင့်မားတဲ့ အရည်အချင်းက ငါတို့လို လူအိုတွေကို တကယ်ပဲ အရှက်ရစေပါတယ်""ဟုတ်တယ်၊ သူတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံက စေလွတ်တဲ့ ပါရမီရှင် အစစ်တွေပဲ ..."နောက်ထပ် ဘိုးဘေးတစ်ဦးက အလျင်အမြန် ထောက်ခံလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့ရဲ့ အသက်ရှူသံတွေပင် မြန်ဆန်နေခဲ့သည်။
လက်ရှိအချိန်တွင် လင်ထျန်းတိနှင့် ကျန့်ရှစ်တို့ရဲ့ အရည်အချင်းကို မည်သူမှ သံယဝင်ကြမည် မဟုတ်ပေ။ ယခုလို ကောင်းကင်အဆင့် တာအိုမျိုး ဖန်တီးနိုင်ဖို့မှာ မလွယ်ကူးပေ။ အထူးသဖြင့် ကျန့်တိတာအိုလို နှစ်ယောက်ပေါင်း တိုက်ခိုက်ရတဲ့ နည်းစနစ်မျိုးကို ဖန်တီးဖို့မှာ ပို၍ပင် ခက်ခဲသည်။ ယခုလို နည်းစနစ်မျိုးကို ဖန်တီးဖို့မှာ အပြန်အလှန် နားလည်မှုရှိဖို့ လိုအပ်သည့်အပြင် တစ်ဦးနဲ့တစ်ဦး အကြွင်းမဲ့ ယုံကြည်မှုမျိုး ရှိဖို့လည်း လိုအပ်သည်။
ဤတာအို အမျိုးအစားကို ဖန်တီးရန်မှာ ကျင့်ကြံသူနှစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ရမည် ဖြစ်သည်။ နှစ်ယောက်လုံးက ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ပြောပြဖို့ လိုအပ်သည်။ ဒါမှသာ ပြီးပြည့်စုံတဲ့ ကောင်းကင်တာအိုအမျိုးအစားတစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် လျှို့ဝှက်အပ်တဲ့ ကိစ္စတစ်ခု ဖြစ်သည်။ ကိုယ့်ရဲ့ အားသားချက်၊ အားနည်းချက်တွေကို အခြားတစ်ယောက်အား ပြောပြလို့ မဖြစ်ပေ။ တူညီတဲ့ ဂိုဏ်းတစ်ခုထဲရှိ ညီအစ်ကိုတွေတောင်မှ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်ဦးနှင့်တစ်ဦး မျှဝေမည် မဟုတ်ပေ။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...