1376 - 1380

100 3 0
                                    

စစ်ဧကရာဇ်(Chapter:1376)
(မြေဘုရင်၏ လျှို့ဝှက်ချက်)
.......................................
     အားလုံး၏ရင်ထဲ အကြောက်တရားတစ်ခုသာ ကိန်းအောင်းနေခဲ့သည်။ ကောင်းကင်နတ်ဘုရားသခင်အဆင့်တစ်ယောက်အား အလွယ်တကူ သတ်ဖြတ်လိုက်ခြင်း။ ကိုယ်တွေ့သာ မဟုတ်လျှင် မည်သူက ယုံကြည်နိုင်ကြမည်နည်း။

     အလင်းနတ်ဘုရားသခင်၏ အလောင်းကိုကြည့်ပြီး အားလုံး၏ရင်ထဲ ဟာတာတာ ဖြစ်နေကြရသည်။

     ထို့နောက် လီကွမ်ရီက မြေဘုရင်ကို လှည့်ကြည့်လိုက်သည်။
     "ငါ့လမ်းကို ပိတ်ချင်နေတုန်းလား၊ ငါက အတိုင်းအတာတစ်ခုအထိပဲ စိတ်ရှည်တာနော် ..."

     မြေဘုရင်၏ တစ်ကိုယ်လုံး ယန်မီးတောက်တွေ လောင်ကျွမ်းနေသည်။ သို့သော် သူ၏အသက်စွမ်းအင်တွေက ယခုထိတိုင် အားကောင်းနေဆဲဖြစ်သည်။ သူက လီကွမ်ရီကို အေးစက်စွာ ကြည့်လိုက်ပြီး ...
     "မင်းက ဘာလုပ်နိုင်မှာလဲ၊ ငါ့ကို မသတ်နိုင်ပါဘူး ..."ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူသည် အားကောင်းနေသေးသည်။

     ထိုအတောအတွင်း အားလုံးမှာ ရင်သပ်ရှုမောဖြစ်နေကြရ၏။ သူတို့၏အမြင်အရ မြေဘုရင်သည် သာမန်စကြာဝဠာအဆင့်သာရှိသည်။ ထိုအဆင့်၏ အင်အားသည် ယခုလောက် အားမကောင်းသင့်ပေ။ ထို့ပြင် ယန်မီးတောက်တွေ၏ လောင်ကျွမ်းခံရပြီး ပြာကျသွားသင့်ပေပြီ။ သို့သော် မြေဘုရင်သည် အကြိမ်ကြိမ် လောင်ကျွမ်းခံနေရသော်လည်း ယခုထိတိုင် မသေသေးပေ။

     အားလုံးမှာ မြေဘုရင်၏ လျှို့ဝှက်ချက်ကို သိချင်ကြလာကြသည်။ အဘယ်ကြောင့် ယခုလို ရှင်သန်နေရသနည်း။ ရတနာတစ်ခုခုကြောင့်လော။ သို့တည်းမဟုတ် အစွမ်းထက်သည့် နည်းစနစ်တစ်ခုခုကြောင့်လော။

     "ကောင်းပြီလေ၊ အင်အားသုံးရတော့မှာပေါ့ ..."လီကွမ်ရီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။

     ဝှစ် ... ယန်နတ်ဘုရား၏ အပေါ်တည့်တည့်မှ နေတစ်ဆယ်စင်းလုံးက မြေဘုရင်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။

     ဝုန်း ... မယုံနိုင်စရာဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ယန်မီးတောက်တွေက မြေဘုရင်ကို အငြိုးတကြီး လောင်ကျွမ်းကြသည်။ တစ်ချိန်ထဲမှာ ယန်နတ်ဘုရားကိုယ်တိုင် မြေဘုရင်၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားခဲ့၏။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now