စစ်ဧကရာဇ်(Chapter:1016)
(နဂါးချောက်နက်၏ မူလအစ)
..........................................
ဝေါ်လုံရွှမ်တစ်ယောက် တဖြည်းဖြည်း အတွေးနက်လာခဲ့ရ၏။ ဤလျှို့ဝှက်ချက်ကို နဂါးချောက်နက်၏ ဘိုးဘေးအဆင့်များသာ သိထားကြသည်။ အခုတော့ ချူယွင်ထျန်းဟူသည့် အပြင်လူတစ်ယောက်က အများကြီး သိနေသည်။ ယင်းမှာ သူမကို လွန်စွာ ထိတ်လန့်သွားစေခဲ့သည်။"မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို သိနေလို့ ငါ့ကိုသတ်ဖို့ တွေးမနေနဲ့အုန်း ..."လီကွမ်ရီက သူမကို ပျင်းရိစွာ ကြည့်သည်။
"မင်းရဲ့ဂိုဏ်းထဲ ရှိနေရင်တောင် မင်းကို ကြက်တစ်ကောင်သတ်သလို သတ်ပစ်နိုင်တယ်""မောက်မာလိုက်တာ၊ နင်က နတ်ဘုရားသခင်အဆင့်မို့လို့လား ..."ဝေါ်လုံရွှမ်က အေးတိအေးစက် ပြန်ပြောသည်။ သို့သော် စိတ်ထဲတွင်မူ မရေရာမသေချာမှုတွေနှင့် ပြည့်နေခဲ့သည်။ မည်မျှပင် ကြိုးစားစေကာမူ ချူယွင်ထျန်းဆိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့ပေ။
"နတ်ဘုရားသခင်အဆင့် ဟုတ်မဟုတ်က အရေးမကြီးဘူး၊ မင်းရဲ့အဆင့်က ငါ့ကို မခြိမ်းခြောက်နိုင်တာတော့ အမှန်ပဲ ..."လီကွမ်ရီက သူမကို ပြုံးပြီးကြည့်လိုက်သည်။
"ဒါပေမယ့် မင်းကို မသတ်ပါဘူး၊ မင်းက နဂါးချောက်နက်လို ရှေ့ဟောင်းဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့အတွက် အင်မော်တယ်ဆေးထက်တောင် အသုံးဝင်နိုင်တယ် ...""နင် ... နင်ဘာလုပ်ချင်လို့လဲ"ဝေါ်လုံရွှမ်မှာ လီကွမ်ရီ၏စကားကြောင့် တုန်လှုပ်သွားရသည်။ ချူယွင်ထျန်းဆိုသူသည် အတော်များများကို သိထားပုံရသည်။ ယခုအချိန်တွင်သာ သူမကို မကောင်းကြံလာပါက ပြန်လည်ခုခံနိုင်မည် မဟုတ်ပေ။
"ဘာလုပ်ရမှာလဲ"လီကွမ်ရီက ဝေါ်လုံရွှမ်ကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
"ငါ့အတွက် ကလေးမွေးပေးဖို့ မင်းကို မုဒိမ်းကျင့်ရမှာလား ... ငါမလုပ်နိုင်ဘူး""မင်းတို့မျိုးနွယ်စုက ငါးတစ်ကောင်လိုမျိုး ညှီစော်နံလွန်းတယ်၊ မင်းက ငါ့အတွက် ကလေးမွေးပေးချင်တာလား၊ စိတ်မကောင်းပါဘူး ..."လီကွမ်ရီက သူမကို ကြည့်ရင်း ဆက်လက်လှောင်ပြောင်သည်။
"စစ်မှန်တဲ့ အင်မော်တယ်သွေး အမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေတောင် ငါ့အတွက် ကလေးမွေးပေးဖို့ အရည်အချင်း ပြည့်မီမှာမဟုတ်ဘူး"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...