1266 - 1270

107 5 0
                                    

စစ်ဧကရာဇ်(Chapter:1266)
(အသက်ကိန်းဂဏန်းသည် ဟာသမျှသာ)
..............................................................
     လီကွမ်ရီနှင့် အဘိုးအိုတို့သည် စကားမပြတ်ကြသေးပေ။ အတိတ်အကြောင်းတွေ ပြောရင်း၊ သဘောကျစွာ ရယ်ရင်းဖြင့် အချိန်ဖြုန်းနေခဲ့ကြ၏။ ရယ်ရလွန်း၍ မျက်ရည်တွေပင် ထွက်ကျလာခဲ့ရသည်။

     နှစ်ယောက်လုံးသည် နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သည့် အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရ၏။ တစ်ချိန်က သူတို့သည် ကမ္ဘာကိုးခု၏ အထွတ်အထိပ်မှာ ရပ်တည်ခဲ့ကြသည်။ နှစ်ယောက်လုံးသည် အဆင့်တူဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် အချင်းချင်း ရှိန်နေစရာမလိုလဲ စိတ်လွတ်လက်လွတ် ရယ်၍ရပေသည်။

     လူတိုင်း၏ အမြင်၌ နှစ်ယောက်လုံးသည် ဂုဏ်အရှိန်အဝါ ကြီးမားကြ၏။ ခေတ်တစ်လျှောက်လုံးမှာပင် သူတို့နှစ်ယောက် ဝါးလုံးကွဲရယ်နေသည့် မြင်ကွင်မျိုးကို တွေ့ဖူးသူ မရှိပေ။

     အချိန်အတော်ကြာသည်အထိ အားရအောင် ရယ်ပြီးနောက်မှာတော့ နှစ်ယောက်လုံး ရပ်လိုက်ကြသည်။

     "မိုးကောင်းကင်အောက်က ပုရွက်ဆိတ်တစ်ကောင်လား"အဘိုးအိုက ပြုံးလိုက်သည်။ သူ့အပြုံးတွေထဲ အဓိပ္ပာယ်များစွာ ပါနေခဲ့၏။

     လီကွမ်ရီက အားပါးတရ ရယ်လိုက်သည်။
     "ဟား ... ဟား ... မိုးကောင်းကင်ဆိုတာက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးတစ်ယောက်ပါပဲ"

     နှစ်ယောက်သား အားရအောင် ပြောပြီးနောက်မှာတော့ မောပန်းလာခဲ့ကြသည်။ ထို့နောက် မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ အနားယူလိုက်ကြ၏။ ဒီခံစားချက်က သူတို့အတွက် တကယ်ကို ကောင်းမွန်လွန်းလှသည်။ ယခုလို ပွင့်ပွင့်လင်းလင်း စကားမပြောရသည်မှာ အတော်လေး ကြာနေပြီဟုပင် ဆိုနိုင်သည်။

     ယနေ့ ရယ်မောခြင်းက သူတို့အတွက် တန်ဖိုးရှိသည်။ အထွတ်အထိပ်မှ ကျင့်ကြံသူတွေ အနေနှင့် အခြားသူတွေရှေ့ ခံစားချက်ကို ထုတ်ပြလေ့မရှိပေ။ သူတို့လို လူမျိုးတွေက အဆင့်တူ အချင်းချင်းရှေ့မှာသာ အားရပါးရ ရယ်လေ့ရှိကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now