စစ်ဧကရာဇ်(Chapter:1416)
(နတ်လမ်းဘိုးဘေး)
...........................
"နတ်လမ်းဘိုးဘေးဆိုတဲ့ နာမည်ကို လူတွေမပြောကြတာ အတော်လေးကြာနေပြီ ..."လီကွမ်ရီ၏စကားအဆုံး၌ သစ်ပင်ထိပ်ရှိ အဘိုးအိုမျက်နှာက မျက်လုံးပွင့်လာပြီး ပြုံး၍ပြောသည်။ယဲ့ရှောင်ရှောင်းက အဘိုးအိုမျက်နှာကို မော့ကြည့်လိုက်သည်။ ပြီးနောက် အသေအချာ စိုက်ကြည့်ပြီး မေးသည်။
"မျိုးစေ့နဲ့ပေါင်းစပ်လိုက်ပြီးတော့ ဘယ်လိုခံစားရသလဲ အဘိုး၊ ထိန်းချုပ်ခံနေရတဲ့ ရုပ်သေးရုပ်လိုမျိုး ခံစားရလား ...""ငါက ရုပ်သေးရုပ်မဟုတ်ဘူး ကလေး ..."အဘိုးအိုက ကြင်နာသည့်အပြုံးဖြင့် ဆက်ပြောသည်။
"ငါက မတူညီတဲ့ စမ်းသပ်မှုတစ်ခုကို လုပ်နေတာပါ ... ဘယ်လိုခံစားရသလဲဆိုတော့ ငါ့အမြစ်တွေကို ဒီနေရာမှာ လွတ်လွတ်လပ်လပ် အမြစ်တွယ်လိုက်ရတော့ အရမ်း လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်တစ်ခုကို ရတယ်လေ ... လူတိုင်းက တစ်နေ့သေကြရမှာပဲမလား ... ဒါကြောင့် ဒီနေရာမှာ နေဖို့၊ သေဖို့အထိ ငါတွေးထားတယ် ...""ဒီနေရာကို ဘာလို့ရွေးချယ်ခဲ့တာလဲ ..."ယဲ့ရှောင်ရှောင်းက ပြန်မေးသည်။ သစ်အုပ်ထိန်းသူတွေသာ မြေကြီးပေါ် အမြစ်တွယ်ပြီး ဆက်လက်ရှင်သန်နိုင်ကြသည်။ နတ်လမ်းဘိုးဘေးသည် သစ်အုပ်ထိန်းသူမဟုတ်ပေ။ သို့သော် ဤနေရာ၌ အမြစ်တွယ်ပြီး ဆက်လက်ရှင်သန်နိုင်ခဲ့သည်။ ယင်းမှာ လွန်စွာ ထူးဆန်းသည်။
"အင်း ..."အဘိုးအိုက နူးညံ့ကြင်နာသည့်အပြုံးဖြင့် ဆက်ပြောသည်။ သူသည် လွန်စွာ ကြော်ကြားသူတစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း မောက်မာဝင့်ကြွားခြင်း အလျဥ်းမရှိမပေ။ သူက ယဲ့ရှောင်ရှောင်းကို တစ်ချက်ကြည့်လိုက်ပြီး ...
"ဒီနေရာက ပျော်စရာကောင်းတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး ... ဒါပေမယ့် ငါ့အတွက်တော့ အိမ်မှာနေရတဲ့ ခံစားချက်ကို ရစေတယ်လေ ... ဘယ်သူမဆို ကိုယ့်အိမ်မှာပဲ နေချင်ကြတာမဟုတ်လား ..."လီကွမ်ရီမှာ အဘိုးအို၏စကားကြောင့် ပြုံးလိုက်မိသည်။ ဤနေရာ၌ အမြစ်တွယ်ဖို့ ရွေးချယ်ခဲ့သည့် အဘိုးအို၏ရည်ရွယ်ချက်က ထိုမျှမရိုးရှင်းပေ။ အခြားအရေးကြီးသော အကြောင်းပြချက်များစွာ ရှိနေပေသေးသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...