စစ်ဧကရာဇ်(Chapter:1356)
(ရွှေဥ)
.........
ကျိုးကျန့်ရှစ်၊ လျှိုရူယန်နှင့် တာအိုနေသခင်တို့သုံးယောက်သား ရတနာတွေကိုရဖို့ ကြိုးစားနေသော်လည်း လီကွမ်ရီမှာမူ ရတနာတွေကို ယူဖို့မကြိုးစားခဲ့ပေ။ သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီးနောက် အရိုးသင်္ဘောကို ဆက်လက်ရွက်လွင့်လိုက်သည်။"ရတနာတွေကို မယူတော့ဘူးလား သခင်လေးလီ ..."ရှုံးချမ်ပေက အံ့အားသင့်သွားပြီး မေးသည်။ လီကွမ်ရီ၏အင်အားအရ ရတနာတစ်ခုထက်မက ယူနိုင်ဖို့ မခက်ခဲမှန်း သူသိသည်။
"ငါက ရတနာတွေအတွက် လာခဲ့တာမဟုတ်ဘူးလေ ..."လီကွမ်ရီက ပင်လယ်ပြင်ကို ငေးကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
အမှန်ပင် ရတနာတွေအတွက် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဒဏ္ဍာရီတစ်ခုအကြောင်းကို အသေအချာ လေ့လာချင်၍ လာခဲ့ခြင်းဖြစ်သည်။ ထိုဒဏ္ဍာရီကို လူသိနည်းသည်။ ဒဏ္ဍာရီအကြောင်း ကြားဖူးသူတွေပင် မယုံကြည်ကြပေ။ သို့သော် သူကိုယ်တိုင်ကတော့ ထိုဒဏ္ဍာရီကို ယုံကြည်ပေသည်။
ရှုံးချမ်ပေမှာ လီကွမ်ရီ၏ စကားကြောင့် အံ့အားသင့်သွားခဲ့ရ၏။ အချိန်အတော်ကြာသည်အထိ စိတ်ရှုပ်ထွေးနေမိပြီးမှ သူနားလည်သွားခဲ့သည်။ လီကွမ်ရီလို မိုးကောင်းကင်ကိုပင် အံတုနိုင်သူတွေအတွက် ရတနာလက်နက်တွေက အချည်းနှီးသာ ဖြစ်သည်။ ထို့ပြင် ထိုလက်နက်တွေကို လိုချင်ခဲ့လျှင်တောင်မှ အသာအယာ ကောက်ယူလို့ရပေသည်။
အရိုးသင်္ဘောက တရွေ့ရွေ့ ဆက်လက်ရွက်လွင့်နေခဲ့၏။ ယခု သူတို့ရောက်နေသည့် နေရာက အတော်လေး အေးချမ်းသည်။ ပင်လယ်ပြင်အတွင်း လှိုင်းထန်နေခြင်း မရှိသလို အန္တရာယ်ရှိသည့် အရိုးစုတွေကိုလည်း မတွေ့ရပေ။ သေချာသည်။ ဤနေရာက အရိုးပင်လယ်၏ အလုံခြုံဆုံးနေရာတစ်ခုဟု ဆိုရပေမည်။
လီကွမ်ရီမှာ ငြိမ်သက်နေသော ပင်လယ်ပြင်ကို ကြည့်ပြီး ခေါင်းကို ညင်ညင်သာသာ ခါလိုက်မိသည်။ ဤပုံအတိုင်းဆို ဒဏ္ဍာရီကို ယခုမျိုးဆက်၌ မြင်တွေ့ရဖို့ မလွယ်တော့ပေ။ သူက စိတ်ဓာတ်ကျနေဟန်ဖြင့် နောက်ပြန်လှည့်ဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပင် မမျှော်လင့်ထားသည့် အပြောင်းအလဲတွေ ဖြစ်လာခဲ့၏။ အစောပိုင်း ငြိမ်သက်နေသည့် ပင်လယ်ပြင်က စတင်လှုပ်ခတ်လာပြီး တဖြည်းဖြည်း လှိုင်းထန်လာခဲ့တော့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...