1606 - 1610

95 4 0
                                    

စစ်ဧကရာဇ်(Chapter:1606)
(ယုယွီလျန်၏ ရွေးချယ်မှု)
.....................................
     ယုယွီလျန်က တစ်ခုခုပြောရန် ပြင်သည်။ ထိုအချိန်မှာပင် ဘိုးဘေးယုက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
     "ဘိုးဘေး၊ နေသူရိန်ဂိုဏ်းရဲ့ ဆက်ခံသူက အင်မော်တယ်ဧကရာဇ်ငါးပါးရဲ့ နည်းစနစ်တွေကို ကျွမ်းကျင်တဲ့အပြင် ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီ၊ ကောင်းကင်စွမ်းအားပြိုင်ပွဲမှာ အလားအလာအရှိဆုံး ကိုယ်စားလှယ်လောင်းပါ၊ သူက ရှားပါးပါရမီရှင်တစ်ယောက်ပါ"ဘိုးဘေးယုက စကားဆုံးသည်နှင့် လီကွမ်ရီကို မဝံ့မရဲ လှမ်းကြည့်လိုက်သည်။

     "အလားအလာအရှိဆုံး ကိုယ်စားလှယ်လောင်းလား၊ ဒါက တစ်ခဏတာပါပဲ၊ အချိန်တန်ရင် နံနက်စောစောမှာကျတဲ့ နှင်းရည်လို၊ ဒါမှမဟုတ် မြစ်မျက်နှာပြင်ပေါ်က လရောင်လိုပဲ ပျောက်ကွယ်သွားလိမ့်မယ်"ယုကျွင်းဖုန့်က အေးစက်စွာ ပြောလိုက်သည်။
     "ပြီးတော့ သူက ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်နိုင်သေးပါဘူး"

     လူငယ်များက အခြေအနေကို နားလည်ကြမည်မဟုတ်ပေ။ သို့သော် သူကတော့ အားလုံးကို နားလည်သည်။ နဂါးနက်တပ်မဟာ၏ စစ်သူကြီးတစ်ယောက်အနေဖြင့် လီကွမ်ရီ၏အကြောင်းကို သိသည်။ လီကွမ်ရီနှင့် ယှဥ်ပြိုင်မည့် မည်သူမဆို ရလဒ်တစ်ခုသာ ရှိပေသည်။ နေသူရိန်ဂိုဏ်း၏ ဆက်ခံသူက အားကောင်းသည်ဆိုလျှင်ပင် လီကွမ်ရီအတွက် လမ်းခင်းပေးမည့် အရိုးစုသာ ဖြစ်လာပေလိမ့်မည်။

     ယုယွီလျန်မှာမူ ယခုထိတိုင် ခေါင်းငုံ့ထားသည်။ သူမသည် လုံအောင်းထျန်းကို နှစ်သက်နေကြောင်း အကြီးအကဲများက သိရှိကြသည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သူမှ အတိအလင်း ထုတ်မပြောကြပေ။ ယခုမူ လူစုံနေချိန်၌ ထုတ်ပြောခံလိုက်ရ၍ မိန်းကလေးပီပီ ရှက်ရွံ့နေမိ၏။

     "လူငယ်တွေရဲ့ အချစ်ကိစ္စတွေကို ဝင်ပြီးမနှောက်ယှက်ချင်ပါဘူး"ယုကျွင်းဖုန့်က ဆက်ပြောသည်။
     "ဒါပေမယ့် သေချာအောင်မေးရမှာပဲလေ၊ သူ့ကို မင်းလက်က တစ်ဖက်သတ်ချစ်နေတာလား၊ သူကရော မင်းကို သဘောကျနေတာလား”

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now