စစ်ဧကရာဇ်(Chapter:1676)
(ရန်ရှန်း၏ သားသမီးများ)
....................................
အင်မော်တယ်ဧကရာဇ်ရန်ရှန်းတွင် သားသမီးလေးယောက်ရှိသည်။ သူတို့၏အမည်များမှာ နဂါးပြာမင်းသား၊ ကျားဖြူမင်းသား၊ လိပ်နက်မင်းသားနှင့် ဟင်္သာငှက်မင်းသမီးတို့ဖြစ်သည်။ အားလုံးက ဧကရာဇ်မင်းသား၊ မင်းသမီးများဟုသာ ခေါ်ဆိုကြပြီး အမည်ရင်းကို မည်သူမှ မခေါ်ရဲကြပေ။သူတို့သည် ဖခင်ဖြစ်သူ အင်မော်တယ်ဧကရာဇ် မဖြစ်သေးခင်ကတည်းက အထောက်အပံ့များစွာ ရရှိခဲ့သည်။ ထို့ကြောင့်လည်း ငယ်စဥ်ကတည်းက ကမ္ဘာကိုးခုတစ်ခွင် ကျော်ကြားခဲ့ခြင်းဖြစ်၏။
နောက်ပိုင်းတွင် လေးယောက်လုံးက အသက်စွမ်းအားကို ချိပ်စည်းခတ်ပြီး ဇာတ်မြုပ်ခဲ့ကြသည်။ သို့သော် ရံဖန်ရံခါဆိုသလို ပြန်ပေါ်လာလေ့ရှိသည်။ အင်မော်တယ်ဧကရာဇ်ချမ့်လီ၏ မျိုးဆက်မတိုင်မီအထိ လေးယောက်လုံးက ပြန်ပေါ်လာလိုက်၊ ပျောက်သွားလိုက်နှင့် လုပ်နေကြသည်။ သို့သော် အင်မော်တယ်ဧကရာဇ်ချမ့်လီ၏ လက်ထက်မှာတော့ လေးယောက်လုံး၏ သတင်းအစအနကိုပင် မရတော့ချေ။
တကယ်တော့ နေသူရိန်ဂိုဏ်း၏ တပည့်များပင် သူတို့ရှိနေသည့်နေရာကို မသိကြပေ။ ဘိုးဘေးအဆင့်များသာလျှင် အင်မော်တယ်အချုပ်ထောင်အတွင်း ဝင်ရောက်သွားကြောင်းကို သိထားကြသည်။
လက်ရှိမျိုးဆက်မှာတော့ မောင်နှမလေးယောက်က အင်မော်တယ်အချုပ်ထောင်အတွင်းမှ ပြန်ထွက်လာနိုင်ခဲ့ကြသည်။ ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် သူတို့သည် ဘိုးဘေးအများစု၏ ထောက်ခံမှုကို ရရှိခဲ့သည်။
ဂိုဏ်းကို နောက်ကွယ်မှ ထိန်းချုပ်နေသူ၏ အစီအစဥ်ဖြင့် သူတို့လေးယောက်က ဂိုဏ်းအတွင်း သဘောထားမတိုက်ဆိုင်သူများကို အကျယ်ချုပ်ဖမ်းဆီးပြီး အကျဥ်းချခဲ့သည်။ ထို့နောက်ပိုင်း နေသူရိန်ဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကာ မော်တယ်ဧကရာဇ်ကမ္ဘာသို့ ကျုးကျော်ဝင်ရောက်မည့် အကြံအစည်ကို စတင်အကောင်အထည်ဖော်ခဲ့ကြလေသည်။
ဂိုဏ်း၏လူငယ်မျိုးဆက်များကလည်း ထိုအစီအစဥ်ကို သဘောကျကြသည်။ အင်မော်တယ်ဧကရာဇ်ငါးပါး ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ခုဖြစ်သည့်အလျောက် သူတို့၏အင်အားကို ကမ္ဘာကိုးခု၌ ဖြန့်ကျက်လိုကြသည်။ ကမ္ဘာကိုးခုကို အုပ်စိုးပြီး သူတို့၏အရည်အချင်းများကို ထုတ်ဖော်ပြသလိုက်ကြသည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...