စစ်ဧကရာဇ်(Chapter:1711)
(ကောင်းကင်မိစ္ဆာနတ်ဘုရား)
........................................
လင်းယုန်နတ်ဘုရား၏ အမူအရာက လွန်စွာတင်းမာသွားသည်။
"မင်းရဲ့နာမည်ကို ပြောပြလို့ရမလား၊ အံ့သြစရာကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်ဆိုရင်တော့ ငါကြားဖူးမှာ သေချာပါတယ်""တောင်ပိုင်းအင်ပါယာ"ကူကောင်းက ပြုံး၍ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ လင်ဝူတောင်က ဒီလောက်ကြီး မာနထောင်လွှားနေစရာ အကြောင်းမရှိပါဘူး၊ အရှင်မြတ်ရဲ့အရှေ့မှာ ကြွားဝါဖို့ အရည်အချင်းမရှိတဲ့ ငှက်တစ်ကောင်ပဲ၊ မင်းတို့ရဲ့ ကောင်းကင်မိစ္ဆာနတ်ဘုရား ပြန်ပေါ်လာရင်တော့ ငါ့ကိုရင်ဆိုင်နိုင်မှာပါ၊ မင်းကတော့ ငါ့အတွက် အားနည်းလွန်းတယ်""မင်း"လင်းယုန်နတ်ဘုရားမှာ ကူကောင်း၏စကားကြောင့် ကြိတ်မနိုင်ခဲမရ ဒေါသထွက်သွားရတော့သည်။
တစ်ဖက်မှာတော့ လီကွမ်ရီက လင်းယုန်နတ်ဘုရားနှင့် ဘိုးဘေးအဖွဲ့ကို ဂရုမစိုက်ဘဲ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် ပြောသည်။
"အားလုံး ပြန်ကြပါ၊ လေဟာနယ်နန်းတော်ကို ငါပိုင်တယ်၊ အထဲဝင်ဖို့ စည်းမျဥ်းစည်းကမ်းတွေ သတ်မှတ်ပြီးတဲ့အထိ စောင့်ကြပါ"အစပိုင်းတွင် တိတ်ဆိတ်နေသော ကောင်းကင်ကြီး၌ အရိပ်တစ်ဆယ်ခုထက်မနည်း ပေါ်လာသည်။ သူတို့အားလုံးက အရှိန်အဝါများကို ဖုံးကွယ်ထားကြသော်လည်း လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဧကရာဇ်ပြိုင်ဘက်အဆင့်များဖြစ်ကြောင်း သိနိုင်ပေသည်။
"ကျွန်တော်တို့နားထောင်ပါ့မယ် အရှင်မြတ်"ဧကရာဇ်ပြိုင်ဘက်အဆင့်များ ဖြစ်ကြသော်လည်း သူတို့သည် အနည်းငယ်မျှပင် မလေးမခန့် မပြုမူဝံ့ကြပေ။ အားလုံးက နာခံမှုရှိရှိဖြင့် ဦးညွှတ်လိုက်ကြသည်။
လီကွမ်ရီ၏ ဝိသေသ လက္ခဏာကို သိထားကြ၍ အဘယ်မှာ နားမထောင်ဘဲ နေရဲကြမည်နည်း။ ကမ္ဘာကိုးခု၏ အုပ်စိုးရှင်ကို ဆန့်ကျင်ပါက ပုရွက်ဆိတ်ကဲ့သို့ နင်းချေခြင်းခံရပေလိမ့်မည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...