စစ်ဧကရာဇ်(Chapter:1451)
(အမြင့်မြတ်ဆုံး အမျိုးသမီး)
........................................
လီကွမ်ရီသည် ယဲ့ရှောင်ရှောင်းနှင့် စစ်မာယွီကျန့်တို့အား တည်းခိုဆောင်တစ်ခုသို့ ခေါ်သွားလိုက်သည်။ နေရာထိုင်ခင်း စီစဥ်ပေးပြီးနောက်မှာတော့ သူက ...
"ငါပြန်မလာမချင်း ဒီမှာပဲနေပြီး စောင့်နေကြပါ ...""ဘယ်ကိုသွားမလို့လဲ ဘဝင်ရူးကောင် ..."လီကွမ်ရီ၏ အမူအရာ ထူးဆန်းနေပုံကို ရိပ်မိပြီး ယဲ့ရှောင်ရှောင်းက မေးလိုက်သည်။ သူမ၏စိတ်ထဲ တစ်ခုခုဖြစ်နေသည်ကို ရိပ်မိသော်လည်း အကြောင်းရင်းကိုမူ တွေး၍မရဘဲ ဖြစ်နေခဲ့သည်။
"တစ်ယောက်ယောက်နဲ့တွေ့မလို့ပါ ..."လီကွမ်ရီက စကားဆုံးသည်နှင့် လှည့်ထွက်သွားလိုက်သည်။ သို့သော် တံခါးပေါက်သို့ရောက်ခါနီးတွင် ခေတ္တရပ်ပြီး နောက်ပြန်လှည့်ကြည့်သည်။
"ငါပြန်မလာနိုင်တော့ဘူးဆိုရင် အိမ်ကိုပြန်ကြပါ ...""အမ် ... ဘာလို့ပြန်မလာနိုင်မှာလဲ၊ နင်ပြန်လာတဲ့အထိ စောင့်မယ် ..."ယဲ့ရှောင်ရှောင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး၊ အခန့်မသင့်ရင် ငါသေသွားနိုင်လို့ပါ ..."လီကွမ်ရီက စကားဆုံးသည်နှင့် ထွက်သွားလိုက်သည်။
ထိုအပြုအမူက မိန်းကလေးနှစ်ယောက်လုံးကို အံ့အားသင့်သွားစေခဲ့သည်။ ရက်အတန်ကြာ နေခဲ့ကြပြီးနောက် နှစ်ယောက်လုံးသည် လီကွမ်ရီ၏ မာန်မာနကို နားလည်နေပြီဖြစ်သည်။ သူတို့၏စိတ်ထဲ လီကွမ်ရီသည် ကောင်းကင်စွမ်းအားလုယူပွဲ၌ပင် အလွယ်တကူ သေဆုံးနိုင်သူမဟုတ်ဟု ယုံကြည်ထားကြသည်။
ထို့ပြင် လီကွမ်ရီကို သတ်နိုင်သူမရှိဟူသည့်စိတ်က သူတို့၏ နှလုံးထားထဲထိတိုင် ကိန်းအောင်းနေကြပြီဖြစ်သည်။ ယခုမူကား လီကွမ်ရီက သေသွားနိုင်သည်ဟု ထူးထူးဆန်းဆန်း ပြောလာခဲ့၏။ အဘယ်မှာ မအံ့ဩဘဲ နေနိုင်ကြတော့မည်နည်း။ နှစ်ယောက်လုံးမှာ တွေးလေစိတ်ရှုပ်ထွေးလေ ဖြစ်နေကြရတော့သည်။
ထိုအချိန်၌ လီကွမ်ရီမှာမူ နတ်သစ်ပင်တောင်ကြော၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်ပြီးသွားလိုက်သည်။ အသက်ရှည်ဆေးကို ရှာဖွေဖို့မဟုတ်ပေ။ သူ၏ဦးတည်ရာသည် ထူးခြားသော တောင်ထိပ်တစ်ခုသို့ဖြစ်၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...