1176 - 1180

105 3 0
                                    

စစ်ဧကရာဇ်(Chapter:1176)
(စပျစ်ရဲတိုက်သခင်)
...............................
     လီကွမ်ရီက ရဲတိုက်သခင်နဲ့ ထန့်ကျိဝမ်တို့ကို ကြည့်ပြီး ပြုံးလိုက်သည်။
     "ငါဒီနေရာကို ရောက်ဖို့ဆိုတာ မလွယ်ဘူး၊ ရဲတိုက်သခင်၊ ဒါက မင်းတို့အားလုံးအတွက် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးပဲ"

     ရဲတိုက်သခင်နဲ့ ထန့်ကျိဝမ်တို့မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။ ဒီစကားက လီကွမ်ရီ‌ ရောက်ရှိလာခြင်းသည် စပျစ်ရဲတိုက်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေသည်ဟု အဓိပ္ပာယ်ရသည်။ ဒါ့အပြင် စပျစ်ရဲတိုက်ကို မှီတင်းနေထိုင်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်ဟု ဆိုလိုတာနဲ့ မခြားပေ။

     "ငါ့ရဲ့တပည့်က မင်းရဲ့အကြောင်းတွေ ပြောပြထားပါတယ်၊ မင်းက စပျစ်ရဲတိုက်ရဲ့ ပူပန်မှုတွေကို ဖယ်ရှားပစ်နိုင်သူဆိုတာ ငါယုံကြည်ပါတယ်"လီကွမ်ရီရဲ့ စကားအဓိပ္ပာယ်ကို နားမလည်ပေမယ့်လည်း ရဲတိုက်သခင်က အလိုက်သင့် ပြန်ပြောလိုက်သည်။ တစ်ဆက်ထဲမှာ လီကွမ်ရီကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။

     အစွမ်းထက်တဲ့ အယ်လ်ခမီပညာရှင်တွေအတွက် ဘယ်နေရာ၊ ဘယ်ဒေသကိုပဲ ရောက်နေပါစေ အားလုံးရဲ့ တန်ဖိုးထား အလေးပေးမှုကို ရရှိနိုင်သည်။ သက်တမ်းကို နှစ်ဆ မြင့်မားအောင် ကုသနိုင်စွမ်းရှိသူတွေအတွက် ပို၍ မှန်ကန်ပေလိမ့်မည်။ ထိုသို့သော အယ်လ်ခမီပညာရှင်တွေမှာ စကားတစ်ခွန်းထဲဖြင့် ကမ္ဘာအနှံ့ရှိ ကျင့်ကြံသူအများအပြားကို ထိန်းချုပ်ညွှန်ကြားနိုင်စွမ်း ရှိကြသည်။

     လီကွမ်ရီက ရဲတိုက်သခင်ကို တစ်ချက် ကြည့်သည်။ ပြီးနောက် ပြုံး၍ ပြန်ပြောသည်။
     "ငါသာ မင်းတို့ရဲ့ စပျစ်ပင်ကို မကုသနိုင်ရင် ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး"

     ရဲတိုက်သခင်မှာ လီကွမ်ရီရဲ့ စကားကြောင့် နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့ရတော့သည်။ အကယ်၍ လီကွမ်ရီသာ တကယ်လုပ်နိုင်ခဲ့ပါက စပျစ်ရဲတိုက်အတွက် အကောင်းဆုံးသတင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။
     "မင်းက ဥဒေါင်းသစ်ပင်ရဲ့ သက်တမ်းကို တိုးမြင့်ဖို့လုပ်နေတာဆို၊ ငါ့တပည့်ဆီကနေ ဒီသတင်းကို ကြားခဲ့ရပါတယ် ..."

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now