စစ်ဧကရာဇ်(Chapter:1546)
(ဝမ်ရမ်အိမ်တော်)
.........................
"ဘာလို့သေရမှာလဲ"လီကွမ်ရီက ပြုံး၍ အေးအေးဆေးဆေး ပြန်ပြောသည်။
"ငါက အမြဲတမ်း ဆင်ခြင်တုံတရားနဲ့နေတယ်၊ ပြီးတော့ ဘယ်လိုအကြောင်းပြချက်နဲ့ ငါ့ကိုသတ်မှာလဲ""အကြောင်းပြချက်လား"မိန်းမလှလေးမှာ နှုတ်ဆိတ်သွားခဲ့ရသည်။ ထို့နောက် လီကွမ်ရီကိုကြည့်ပြီး အကဲခတ်လိုက်သည်။ သို့သော် လီကွမ်ရီက မိုက်မဲလွန်းသူလား၊ သို့မဟုတ် ရုပ်ဖျက်ထားသည့် အစွမ်းထက်သူတစ်ယောက်လားဆိုသည်ကို မခန့်မှန်းနိုင်ခဲ့ပေ။
နောက်ဆုံးတွင် သူမက ခေါင်းကိုခါယမ်းပြီး ပြောလိုက်သည်။
"အဖေ့လိုလူက သူလုပ်ချင်ရင် ဘယ်လိုအကြောင်းပြချက်မှ မရှိလည်းလုပ်တာပဲ၊ အပြင်လူမပြောနဲ့ သူ့မိသားစုဝင်တွေကိုတောင် သက်ညှာပေးမှာမဟုတ်ဘူး""ဟားဟား ... ငါကတော့ အကြောင်းပြချက်မရှိဘဲ ဘာမှမလုပ်တတ်ဘူး"လီကွမ်ရီက ကျယ်လောင်စွာ ရယ်လိုက်သည်။
မိန်းမလှလေးမှာ စကားမပြောနိုင်အောင် ဖြစ်သွားရပြန်သည်။ သို့သော် ကလေးမလေးကတော့ စိုးရိမ်ပူပန်ခြင်းမရှိဘဲ လမ်းတစ်လျှောက်ဖြတ်ကျော်ခဲ့သည့် ရှုခင်းအလှများကို ကြည့်နေခဲ့သည်။ ဤပတ်ဝန်းကျင်က သူမအတွက် အသစ်အဆန်းဖြစ်ဟန်တူပေသည်။
"ကလေးက ဒီမြို့ကို အခုမှရောက်ဖူးပုံပဲ ..."လီကွမ်ရီက ကလေးမလေးကိုကြည့်ပြီး ပြောလိုက်သည်။
မိန်းမလှလေးက သူမ၏သမီးလေးကို ချစ်ခင်မြတ်နိုးသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။ စိတ်ထဲတွင်မူ နောင်တများဖြင့် ပြည့်နေခဲ့သည်။
"သူက ပါရမီရှင်လေးပါ၊ အခုလိုပဲ အချိန်တွေဆွဲနေရင် ကလေးရဲ့အနာဂတ်က ဖြစ်သင့်သလောက်ဖြစ်လာတော့မှာမဟုတ်ဘူး"လီကွမ်ရီက ကလေးမလေးကို ပြုံး၍ကြည့်လိုက်သည်။
သို့သော် မိန်းမလှလေးထံမှ တုံ့ပြန်မှုမရှိခဲ့ပေ။
ဤအချိန်၌ ကျင့်ကြံသူများက သတိကြီးကြီးထားပြီး ခြံရံထားကြသည်။ အထူးသဖြင့် မိန်းမလှလေး ထွက်ပြေးမှာကိုစိုးရိမ်ပြီး အသေအချာ စောင့်ကြည့်နေကြသည်။
ŞİMDİ OKUDUĞUN
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
MaceraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...