1006 - 1010

230 11 0
                                    

စစ်ဧကရာဇ်(Chapter:1006)
(သတ်ဖြတ်ခြင်း)
..........................
     အင်မော်တယ်သွေးနိုင်ငံ ရောက်ရှိလာခြင်းက သွေးမျိုးနွယ်များကို အားတက်စေခဲ့သည်။ အထူးသဖြင့် သွေးမျိုးနွယ် ခေါင်းဆောင်ဟောင်းမှာ အလွန်အမင်း ပျော်ရွှင်သွားရသည်။

     "ကောင်းကင်တာအိုကျောင်းတော်ရဲ့ သခင်ကိုယ်တိုင် လာခဲ့ရင်တောင် ဘာမှမပြောင်းလဲနိုင်တော့ဘူး"ခေါင်းဆောင်ဟောင်းက ပန်ခမ်းကို ပြုံး၍ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

     တစ်ဆက်ထဲမှာ သူက လီကွမ်ရီကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောသည်။
     "အင်မော်တယ်သွေးနိုင်ငံ ရောက်လာပြီ၊ သူတို့က သွေးမိစ္ဆာမျိုးနွယ်ရဲ့ ရွှေရောင်ခေတ်သစ်တစ်ခုကို ကြေငြာလိမ့်မယ်၊ ဒီနေ့ မင်းတို့အားလုံးကို ပထမဆုံးအကြိမ် ယဇ်ပူဇော်ရလိမ့်မယ်"

     "ယုံကြည်မှု လွန်ကဲတာက မကောင်းဘူး၊ ကံမကောင်းစွာပဲ မင်းတို့အားလုံးက ဘယ်သူ့ကို ရင်ဆိုင်နေရတာလဲဆိုတာကို မသိကြဘူးပဲ ..."လီကွမ်ရီက ပြုံးလိုက်ပြီး လီရှောင်းရန်တို့ကို ကြည့်ကာ ဆက်ပြောသည်။
     "အခု ပြန်လာပါ၊ မင်းတို့ရဲ့သခင်လေးကိုယ်တိုင် အရေးယူဆောင်ရွက်ရမယ့်အချိန် ရောက်ပြီ"

     လီကွမ်ရီက မတိုးမကျယ် ပြောလိုက်သော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားရသည်။

     ဝုန်း ... မိန်းကလေးသုံးယောက်လုံးက အလျင်အမြန် ဆုတ်ခွာလာခဲ့ကြသည်။ ထိုအတောအတွင်း လီရှောင်းရန်တို့နှင့် တိုက်ခိုက်နေသည့် နတ်ဘုရားစစ်သည်တော်အဆင့်သုံးယောက်မှာ စိတ်သောက ရောက်ခဲ့ကြရသည်။ သူတို့ထံ၌ ဧကရာဇ်လက်နက်တွေသာ မရှိပါက ဝင်္ကပါအတွင်း ပိတ်မိပြီး သေဆုံးကြရမည်မှာ မလွဲပေ။

     လူအတော်များများမှာ ထိုမြင်ကွင်းကို တွေ့ပြီးနောက် အမူအရာတွေ အေးခဲနေခဲ့ရသည်။ သူတို့၏ အမြင်အရ မိန်းကလေးသုံးယောက်လုံးသည် ကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်းရှိသူတွေ ဖြစ်သည်။ နတ်ဘုရားစစ်တော်အဆင့်ကို အခက်တွေ့အောင် တိုက်ခိုက်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now