စစ်ဧကရာဇ်(Chapter:1651)
(မိုးပြာနဂါးတပ်မဟာ၏ ဒဏ္ဍာရီ)
.............................................
မည်သည့်အဖွဲ့၊ မည်သည့်အဆင့်မဆို ဤကဲ့သို့သော တပ်မဟာကြီးကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်ရပေလိမ့်မည်။နေသူရိန်ဂိုဏ်း၏ စစ်သည်အားလုံးက အချိန်တိုအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ထို့ပြင် နတ်ဘုရားသခင်အဆင့်များလည်း နွားတစ်ကောင်အလား အလွယ်တကူ သတ်ဖြတ်ခံခဲ့ရသည်။ သံသယရှိစရာမလိုချေ။ ထိုရလဒ်သည် လုံးဝ ကြောက်မက်ဖွယ်ကောင်းသည်။
ရှေးမင်ခေတ်အကြောင်းနှင့် ပတ်သက်သော ဒဏ္ဍာရီများကို သိရှိသူသိပ်မရှိပေ။ သိထားသူအများစုက သက်တမ်းကုန်းဆုံးပြီး ဤလောကမှ ထာဝရထွက်ခွာသွားကြပေပြီ။
"မိုးပြာနဂါးတပ်မဟာ ... သူတို့ရဲ့ အဓိကလူတချို့က အခုထိ အသက်ရှင်နေကြသေးတာလား"အင်မော်တယ်ဧကရာဇ်သုံးပါး ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ခုအတွင်း၌ ဘိုးဘေးတစ်ဦက တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်လုံးများက မြောက်ပိုင်းပင်လယ်သို့ စူးစိုက်ပြီးကြည့်နေခဲ့၏။ မိုးပြာရောင်ချပ်ဝတ်နှင့် တပ်သားများကိုကြည့်ပြီး ဆံပင်များပင် ထောင်မတ်လာခဲ့ရသည်။
"မိုးပြာနဂါးတပ်မဟာနဲ့ ကမ္ဘာကိုးခုရဲ့ အားအကောင်းဆုံး ကျင့်ကြံသူတွေစုစည်းပြီး ရှေးမင်တွေကို ချေမှုန်းခဲ့ကြတာ၊ ရှေးမင်တွေအားလုံး သုတ်သင်ခံလိုက်ရတယ်လေ၊ အဲ့ဒီတိုက်ပွဲမှာ မိုးပြာနဂါးတပ်မဟာက ရှေ့ဆုံးကနေ ဦးဆောင်ခဲ့ပြီး တိုက်ပွဲက လေးဆယ့်ကိုးရက်တိတိ ကြာခဲ့တယ်လေ၊ နောက်ဆုံးမှာ ရှေးမင်တွေရဲ့ အင်မော်တယ်ဧကရာဇ်လုံမင်ကို တောင်ထိပ်လက်ဝါးကပ်တိုင်မှာ သတ်ပစ်ခဲ့ကြတာ၊ အင်မော်တယ်ဧကရာဇ်ရဲ့ အော်ဟစ်သံတွေက ကမ္ဘာကိုးခုလုံးမှာ ပဲ့တင်ထပ်သွားခဲ့ရတယ်လေ၊ ငါ့အထင် အဲ့ဒီတိုက်ပွဲက ကမ္ဘာကိုးခုရဲ့သမိုင်းမှာတော့ ကြောက်စရာအကောင်းဆုံး ဖြစ်လိမ့်မယ် ..."
"အဲ့ဒီတိုက်ပွဲက ကမ္ဘာကိုးခုရဲ့ အောင်ပွဲလို့တောင် ပြောလို့ရတယ်၊ အားလုံးစုပေါင်းတိုက်ခိုက်ခဲ့တာဆိုပေမယ့် မိုးပြာနဂါးတပ်မဟာ မပါရင် အင်မော်တယ်ဧကရာဇ်လုံမင်ကို သတ်ဖြတ်နိုင်ဖို့ဆိုတာ မလွယ်ဘူး ..."
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...