1096 - 1100

163 6 0
                                    

စစ်ဧကရာဇ်(Chapter:1096)
(ဧကရာဇ်လက်နက်ကို ဆန့်ကျင်ခြင်း)
.........................................................
     ကံစွမ်းအားနန်းတော် ၁၃ခု၊ ဤအရာက တကယ့်ကို တုန်လှုပ်ဖွယ် ကောင်းသည်။ အထူးသဖြင့် ၁၃ခုမြောက် ကံစွမ်းအားနန်းတော်က အထူးခြားဆုံး ဖြစ်ပြီး ၎င်းက ကောင်းကင်ထက်ပင် ပိုမိုမြင့်မားပုံရသည်။ ယုတ်စွအဆုံး ဤလောကရှိ အရာအားလုံးထက် ပိုမိုမြင့်မားသည်။

     လူအများစုမှာ ထိုမြင်ကွင်းကို တွေ့ရပြီးနောက် စိတ်ပျက်အားငယ်သွားကြရတော့သည်။ အထူးသဖြင့် လူငယ်မျိုးဆက်ထဲမှ ပါရမီရှင်တွေ ဖြစ်သည်။ သူတို့အားလုံးက လီကွမ်ရီနှင့် ကျိခွမ်းဝူတိတို့လောက် အားမကောင်းကြသော်လည်း အင်မော်တယ်ဧကရာဇ်ဖြစ်လိုကြသည်။ အချိန်ပြည့် ကြိုးစားခြင်းဖြင့် တစ်နေ့နေ့မှာ လီကွမ်ရီနဲ့ ကျိခွမ်းဝူတိတို့ကို ကျော်ဖြတ်နိုင်မည်ဟု တိတ်တဆိတ် မျှော်လင့်ထားခဲ့ကြသည်။

     သို့သော် ယခုမူကား သူတို့ရဲ့ မျှော်လင့်ချက်အားလုံး ရေစုန်မျှောခဲ့ရသည်။ ကံစွမ်းအားနန်းတော် ၁၃ခုဟူသည်က ပေါ့သေးသေး မဟုတ်ပေ။ ၎င်းသည် ကြိုးစားအားထုတ်နိုင်ရုံဖြင့် ရရှိနိုင်သည့်အရာ မဟုတ်ပေ။

     ကံစွမ်းအားနန်းတော် ၁၃ခုကို ကြည့်ပြီး ကျိခွမ်းဝူတိရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူ့ရဲ့ နှလုံးသားအတွင်း မနာလိုစိတ်တွေ ကိန်းအောင်းလာခဲ့ရတော့သည်။

     သူသည် လူငယ်မျိုးဆက်ထဲ၌ အမြင့်မားဆုံး ပါရမီရှင် ဖြစ်သည်။ လွန်စွာ ရှားပါးတဲ့ သူတော်စင်စွမ်းရည် သုံးမျိုးကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ဖုးသည်။

     လီကွမ်ရီ ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ ဂုဏ်အရှိန်အဝါတွေက ကျရှုံးခဲ့ရသည်။ သို့သော် သူက ဂရုမစိုက်ခဲ့ပေ။ တစ်ချိန်ချိန်မှာ လီကွမ်ရီကို ကိုယ်တိုင်သတ်ပစ်မည်ဟု အားခဲထားခဲ့သည်။ ယခုမူကား သူ့ရဲ့ မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားရတော့သည်။ ကံစွမ်းအားနန်းတော် ၁၃ခု ဟူသည်က သူလက်လှမ်းမမီနိုင်သည့် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ တစ်ချိန်ထဲမှာ သူ့ရဲ့ပါရမီဖြင့် လီကွမ်ရီကို ကိုယ်တိုင်သတ်ဖို့ မလွယ်ကူတော့မှန်း နားလည်သွားခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now