စစ်ဧကရာဇ်(Chapter:1311)
(ပင်လယ်အတွင်း ကသောင်းကနင်းဖြစ်ခြင်း)
...................................................................
ပင်လယ်ပြင်အတွင်း နေရာအနှံ့၌ အလောင်းတွေ မျောပါနေခဲ့သည်။ မရေမတွက်နိုင်သည့် အလောင်းတွေကို ကြည့်ပြီး အားလုံး ကြက်သီးထနေမိကြ၏။ ရေခဲဝိညာဥ်ဂိုဏ်းနှင့် သွေးမီးတောက်ဂိုဏ်း၏ ဘိုးဘေးတွေအားလုံး သေဆုံးသွားပေပြီ။ ထို့ပြင် သွေးသားစွမ်းအင်တွေ စုပ်ယူခံခဲ့၍ ခန္ဓာကိုယ်တွေက ခြောက်ကပ်ပိန်လှီပြီး ညှိုးနွမ်းနေကြသည်။"ကြောက်စရာကောင်းလိုက်တာ၊ လီကွမ်ရီက ဘယ်လို နည်းစနစ်တွေများ သုံးလိုက်တာလဲ ..."ကျင့်ကြံသူတစ်ယောက်က တီးတိုး ညည်းညူလိုက်သည်။
"ဂိုဏ်းနှစ်ခုရဲ့ အဓိကဘိုးဘေးအားလုံး သေသွားကြပြီ၊ ရေခဲဝိညာဥ်ဂိုဏ်းနဲ့ သွေးမီးတောက်ဂိုဏ်းနှစ်ခုလုံး ဆုံးခန်းတိုင်သွားပြီလေ ... သူတို့ရဲ့ လောဘက သူတို့ကို အဆုံသတ်ပေးလိုက်တာပါပဲ ..."ဂိုဏ်းချုပ်တစ်ယောက်ကလည်း လှိုင်းလုံးတွေကြား မျောပါသွားသည့် အလောင်းတွေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်မိသည်။
အားလုံးမှာ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ငုတ်တုတ်မေ့လျော့နေကြ၏။ ထို့ပြင် လက်ရှိအခြေအနေက သူတို့ကို မယုံနိုင် ဖြစ်နေစေခဲ့၏။ ရေခဲဝိညာဥ်ဂိုဏ်းနှင့် သွေးမီးတောက်ဂိုဏ်းသည် ထာဝရရန်သူတွေ ဖြစ်သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွေ့သည့်နေရာ အသေသတ်လေ့ရှိသည်။ ယခုမူ အတူတကွ ပူးပေါင်းပြီး သေခြင်းနှင့် ကြုံကြိုက်ခဲ့ရသည်။
"အတော်လေးကောင်းတဲ့ သွေးရည်ကြည်တွေ ..."လီကွမ်ရီက ကျေနပ်ဟန်ဖြင့် ရေရွတ်သည်။ ထို့နောက် ကောင်းကင်ထက် မော့ကြည့်ပြီး အေးတိအေးစက် ပြောသည်။
"နောက်ထပ် စီစဥ်ထားတာတွေ ရှိသေးလား၊ လုပ်စမ်းပါဦး ...""အမိန့်တော်ကို ထုတ်လိုက်စမ်း ..."လီကွမ်ရီ၏ စကားအဆုံး မရှေးမနှောင်းမှာပင် မိုးခြိမ်းသံအလား ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မယုံနိုင်ဖွယ် အမိန့်တော်တစ်ခု ဆင်းသက်လာခဲ့၏။ အတိအကျဆိုရလျှင် ပင်လယ်နတ်ဘုရား၏ အမိန့်တော်ဖြစ်သည်။ ထိုအမိန့်တော်သည် ကမ္ဘာကိုးခုကို အမိန့်ပေး စီရင်နိုင်သည့် အရှိန်အဝါတွေကို ပိုင်ဆိုင်ထားသည်။
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...