စစ်ဧကရာဇ်(Chapter:1556)
(အသနားခံစာ)
.....................
"မင်း ..."ဝမ်ရမ်ခေါင်းဆောင်မှာ ဒေါသထွက်သွားခဲ့၏။ ဤဖြစ်ရပ်က သူတို့အဖွဲ့အတွက် ကံကြမ္မာဆိုးကြီးဖြစ်လာနိုင်၍ အတော်လေး စိတ်မချမ်းသာဖြစ်နေမိသည်။"ဖေဖေ၊ အစ်ကိုလီနဲ့ စကားခဏပြောပါရစေ"ထိုစဥ် ဝမ်ရမ်ကျန့်ရှစ်က အခြေအနေပိုဆိုးသွားမည်စိုး၍ ကြားဖြတ်ဝင်လာသည်။
ထိုအခါမှသာ ဝမ်ရမ်ခေါင်းဆောင်က အင်္ကျီလက်မောင်းအိုးကို ဒေါသတကြီး ခါယမ်းကာ ထွက်သွားသည်။ ထို့နောက် ဝမ်ရမ်၏ အခြားကျင့်ကြံသူများလည်း ထွက်သွားကြသည်။
ထိုအချိန်မှာပင် တုံဖန့်၏ အစောင့်တစ်ဦးဝင်လာပြီး လီကွမ်ရီကို အေးစက်စွာပြောသည်။
"မင်းသားဟိုင်က မင်းကိုတွေ့ချင်တယ်တဲ့"ထိုတပည့်သည် လီကွမ်ရီကို လုံးဝသဘောမကျပေ။ ယခုလိုအခြေအနေသာ ဖြစ်မလာပါက သူတို့သည် လီကွမ်ရီကို မှတ်လောက်သားလောက်ဖြစ်အောင် သင်ခန်းစာတစ်ခု ပေးမိမည်ဖြစ်သည်။
"ငါမတွေ့ချင်ဘူးလို့ ပြန်ပြောလိုက်"လီကွမ်ရီက စိတ်မဝင်စားဟန်ဖြင့် လက်ကိုခါယမ်းလိုက်သည်။
တုံဖန့်၏အစောင့်မှာ အံ့အားသင့်သွားခဲ့ရ၏။ တစ်ချိန်တည်းမှာပင် ဝမ်ရမ်ကျန့်ရှစ်နှင့် လွီရီတို့လည်း မယုံနိုင်အောင် ဖြစ်သွားကြရသည်။ သူတို့၏အမြင်အရ လီကွမ်ရီအနေဖြင့် အသက်ဆက်ရှင်ချင်ပါက ဟိုင်ယန်ကျင်းနှင့် လက်တွဲလုပ်ဆောင်သင့်ပေသည်။
လီကွမ်ရီ၏ငြင်းဆန်မှုကြောင့် တုံဖန့်၏အစောင့်က ပြန်ထွက်သွားသည်။ သို့သော် မည်သို့ပင်ငြင်းဆန်စေကာမူ ဟိုင်ယန်ကျင်းက အတင်းအကျပ် ဝင်လာခဲ့၏။ သူသည် တုံဖန့်၏ အစည်းအဝေးခန်းမအတွင်းသို့ပင် အတင်းဝင်ထွက်ရဲသူဖြစ်၍ ဤနေရာလောက်ကတော့ စာမဖွဲ့သာချေ။
"ငါက တရားမျှတအောင်လုပ်ပြီး မင်းရဲ့အသက်ကို ကယ်ထားတာနော်၊ ဒါတောင် ကျေးဇူးမတင်ဘဲ ငါနဲ့မတွေ့ချင်ဘူးလို့ ငြင်းနေသေးတာလား"ဟိုင်ယန်ကျင်းက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
CITEȘTI
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventurăReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...