1296 - 1300

99 3 0
                                    

စစ်ဧကရာဇ်(Chapter:1296)
(နတ်သမီး)
.................
     မိန်းမလှလေးကို ကြည့်ပြီး လျှိုရူယန်ပင် စိတ်ရှုပ်သွားခဲ့ရ၏။ သူမသည် မိန်းမလှလေး၏ အူကြောင်ကြောင်ဖြစ်နေပုံကို သတိပြုမိခဲ့သည်။ ထို့ကြောင့် အရင်မိတ်ဆက်လိုက်သည်။
     "ငါ့နာမည်က လျှိုရူယန်ပါ၊ သူက ငါ့အစ်မ ကျိုးကျန့်ရှစ်၊ နင့်နာမည်ကရော ..."

     မိန်းမလှလေးသည် လျှိုရူယန်နှင့် ကျိုးကျန့်ရှစ်ကို ကြည့်နေခဲ့သည်။ သူမ၏ နာမည်ကို စဥ္းစားနေခဲ့သည်။ သို့သော် အစဖော်လို့ပင် မရခဲ့ချေ။ အချိန်အတော်ကြာ စဥ္းစားပြီးနောက် သူမက ခေါင်းကို ခါပြလိုက်သည်။
     "နာမည်လား၊ ငါလည်း မသိဘူး"

     မိန်းမလှလေး၏ မျက်နှာက ရှုံ့မဲ့မဲ့ ဖြစ်နေခဲ့ရ၏။ နာမည်ကိုပင် မမှတ်မိ၍ သူ့ဘဝထဲ တစ်ခုခု ပျောက်ဆုံးသလို ခံစားနေခဲ့ရသည်။ နောက်ဆုံးတွင် သူ့အကြည့်တွေက လီကွမ်ရီထံ ကျဆင်းသွားခဲ့ပြီး ညင်သာစွာ မေးသည်။
     "ငါ့မှာ နာမည်ရှိသလား ..."

     လီကွမ်ရီက မိန်းမလှလေးကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။ ပြီးနောက် ခေတ္တ စဥ္းစားနေဟန်ပြုပြီးမှ ခေါင်းကို ခါလိုက်သည်။
     "ဒီကမ္ဘာပေါ်မှာတော့ မင်းအတွက် နာမည်မရှိဘူး၊ ဒီတော့ မင်းကို နတ်သမီးလို့ဘဲ ခေါ်မယ်လေ ..."

     နတ်သမီးလား ... မိန်းမလှလေးက ထပ်ခါတလဲလဲ ရွတ်နေခဲ့သည်။ နတ်သမီးဟူသည့် အမည်နှင့်ပတ်သက်ပြီး ကန့်ကွက်ခြင်းမရှိပေ။

     'နတ်သမီး' ... ၎င်းသည် နာမည်တစ်ခု မဟုတ်သော်လည်း မိန်းမလှလေးအတွက် အထူးသင့်လျော်သည့် အမည်တစ်ခု ဖြစ်သည်။ ကျိုးကျန့်ရှစ်၊ လျှိုရူယန်နှင့် ရှုံးချမ်ပေတို့၏ စိတ်ထဲတွင်လည်း ဤအမည်သည် အလွန်သင့်လျော်သည်ဟု ခံစားနေမိကြ၏။ သူတို့အရှေ့မှ မိန်းမလှလေးကိုပင် 'နတ်သမီး'ဟု ခေါ်ဆိုဖို့ မသင့်ပါက အခြားမည်သူ့ကိုမှ နတ်သမီးဟု မခေါ်ဆိုသင့်တော့ပေ။

     နတ်သမီးသည် လီကွမ်ရီ၏ဘေး ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမသည် အတော်လေး ခံစားချက် ကင်းမဲ့နေပုံရ၏။ သူမ၏ စိတ်ထဲ ပျော်ရွှင်ခြင်း မရှိသလို ဝမ်းနည်းခြင်းလည်း မရှိတော့ပေ။ သူမက လီကွမ်ရီကို တစ်ချက်ကြည့်ပြီး မေးသည်။
     "နင့်နာမည်ကရော ဘယ်လိုခေါ်လဲ ..."

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora