စစ်ဧကရာဇ်(Chapter:1621)
(နတ်ဆိုးမြို့တော်)
.........................
ယဲ့ကျိုးကျောက တစ်ခုခုပြောရန် ပြင်သည်။ သူက အနည်းငယ် တုံ့ဆိုင်းနေခဲ့ပြီးမှ ...
"ဆရာ၊ နေသူရိန်ဂိုဏ်းနဲ့ အလုပ်တွဲလုပ်စရာလိုလို့လား၊ ဒီအတိုင်း လက်ပိုက်ကြည့်နေတာက ပိုမကောင်းဘူးလား""ထားလိုက်ပါ ..."ကူးကျွမ်က ခေါင်းကိုခါယမ်းပြီး ဆက်ပြောသည်။
"သူတို့အားလုံးက အဆိပ်မရှိတဲ့ မြွေတွေချည်းပါပဲ၊ အခုဆို လိုချင်နေတဲ့ ငါးကြီးကြီးတစ်ကောင် ထွက်လာပြီလေ၊ တခြားဟာတွေက အရေးမကြီးတော့ဘူး""ကျွန်တော်နားလည်ပါပြီ"ယဲ့ကျိုးကျောက လေးစားမှုအပြည့်ဖြင့် ခေါင်းညိတ်ပြသည်။
"မကြာခင် ပွဲက ကြည့်ကောင်းတော့မယ်၊ နေသူရိန်ဂိုဏ်းက အဘိုးကြီးတွေ ဘယ်နှစ်ယောက်ထွက်လာမလဲ မသိဘူး၊ သူတို့အားလုံး ထွက်လာဖို့ မျှော်လင့်မိတယ်"ကူးကျွမ်က ပြုံးလိုက်သည်။
"နေသူရိန်ဂိုဏ်းတစ်ခုလုံးကို ငါးစာအဖြစ် အသုံးချမလို့လား ဆရာ"ယဲ့ကျိုးကျောက အနည်းငယ် စိုးရိမ်သွားဟန်ဖြင့် ...
"သူတို့ဆီမှာ နဂါးနက်ဘုရင်ကို သစ္စာခံထားတဲ့ စစ်သူကြီးတွေ ရှိနေသေးတယ်လေ""ဟုတ်တယ်၊ ဒါပေမယ့် အခုအချိန်မှာ သူတို့က သြဇာအရှိန်အဝါ မရှိတော့ပါဘူး"ကူးကျွမ်က ပြန်ပြောသည်။
"အရင်ကလို လက်နက်ချအညံ့လိုက်ပြန်ရင်ရော ဘယ်လိုလုပ်ကြမလဲ"ယဲ့ကျိုးကျောက ပြန်မေးသည်။
"မဟုတ်ဘူး၊ အခုက မတူတော့ဘူး"အရင်တုန်းက လက်နက်ချအညံ့ခံလိုက်တယ်ဆိုတာက သူတို့ကို ဝိုင်းရံထားသူတွေထဲမှာ အင်မော်တယ်ဧကရာဇ်ချမ့်လီနဲ့ နဂါးနက်ဘုရင် ပါတယ်လေ၊ ဒါကြောင့် အညံ့ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး"ကူးကျွမ်က ဆက်ပြောသည်။
"အခုလက်ရှိ သူတို့ရဲ့ လူငယ်မျိုးဆက်တွေက ကျီးကန်းနက်အကြောင်းကို မသိဘူး၊ ဒဏ္ဍာရီတချို့ကို ကြားဖူးထားတယ်ဆိုရင်တောင် သူ့တို့စိတ်ထဲ မှတ်ထားမှာမဟုတ်ဘူးလေ၊ ဒါကြောင့် သူတို့ရင်ဆိုင်နေရသူက ဘယ်သူလဲဆိုတာ သိမှာမဟုတ်ဘူး"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...