1231 - 1235

120 1 0
                                    

စစ်ဧကရာဇ်(Chapter:1231)
(သူတော်စင်တစ်ရာခန်းမ)
.......................................
     "တုံထင်ရေကန်က အခုဆိုရင် ဘာမှ မဟုတ်တော့ပါဘူး"လီကွမ်ရီက ဟုန်ယွီကျောင်းကို ခေါင်းခါပြလိုက်သည်။
     "ရှေးဘိုးဘေးတွေ တည်ဆောက်ခဲ့စဉ်က ပုံစံမျိုး မရှိတော့ဘူး၊ အာဏာချုပ်ကိုင်ဖို့ လွန်ဆွဲရင်း စည်းလုံးမှုလည်း ပျက်သွားခဲ့ပြီ"

     လီကွမ်ရီရဲ့ စကားက ဟုန်ယွီကျောင်းရဲ့ နှလုံးခုန်သံကို မြန်ဆန်သွားစေခဲ့သည်။ သူမအနေနှင့် ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မသိပေ။

     လီကွမ်ရီက နေရာအနှံ့ ပျံ့ကျဲနေတဲ့ ကျွန်းစုတွေကို စိုက်ကြည့်နေခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေမိသည်။ ပြီးမှ သတိပြန်ဝင်လာပြီး မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
     "ငါက ခဏပဲ နေမှာပါ၊ ပြီးရင် ဒီနေရာကနေ ထွက်သွားမယ်၊ ငါ့အတွက် စိတ်မပူပါနဲ့"

     ဟုန်ယွီကျောင်းက လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။ ပြီးနောက် တလေးတစား ပြန်ပြောသည်။
     "ကောင်းပြီ၊ ခဏပဲ‌နေမယ်ဆိုရင်တော့ ရပါတယ်၊ ဒါပေမယ့် တစ်ခုတော့ သိထားပါ၊ တစ်ရက်ထက် ပိုနေမယ်ဆိုရင် စာရင်းသွင်းရပါမယ်၊ ပြီးတော့ နင့်ဆီမှာ မေးစရာ မေးခွန်းတွေ ရှိရင် ငါ့ကိုရှာပြီး လာမေးနိုင်ပါတယ်"

     သို့သော် လီကွမ်ရီက စကားတစ်ခွန်းမှ ပြန်မပြောတော့ပေ။ အထက် ကောင်းကင်ပြာရဲ့ အလှကို ကြည့်ဖို့ သဲသောင်ပြင်ပေါ် လဲလျောင်းပြီး အနားယူလိုက်သည်။

     ဟုန်ယွီကျောင်းမှာ အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သို့သော် ဘာမှ ပြောမနေတော့ဘဲ သင်္ဘောကို ပြန်လည်ထွက်ခွာဖို့ အချက်ပြလိုက်သည်။

     လီကွမ်ရီက ထွက်ခွာသွားသည့် သင်္ဘောကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ တုံထင်ရေကန်သည် တကယ်ကို သာယာတဲ့ နေရာတစ်ခု ဖြစ်သည်။ ဒီနေရာသည် ဝိညာဉ်ကမ္ဘာရဲ့ လူသားမျိုးနွယ်တွေ အစပြုရာနေရာတစ်ခုဟုပင် ဆိုနိုင်သည်။ တစ်ချိန်ကဆိုလျှင် ဒီနေရာက လူရည်ချွန်တောင်ကြားထက်ပင် ပို၍ အားကောင်းခဲ့ဖူးသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora