1496 - 1500

116 6 0
                                    

စစ်ဧကရာဇ်(Chapter:1496)
(မုန့်ကျန်းထျန်း၏ဝှက်ဖဲ)
..................................
     လီကွမ်ရီသည် အမှောင်သခင်မင်းသား၏ စကားပြောလိမ္မာပုံကို သဘောကျသွားခဲ့သည်။
     "သိပါတယ်၊ မင်းပြောချင်တာက ဧကရာဇ်ပြိုင်ဘက်အဆင့်တွေမလား၊ ငါသိသလောက်ဆို ဝိညာဥ်ချောက်နက်ကို တည်ထောင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်လည်း အခုထိ အသက်ရှင်နေသေးတယ်၊ သူက အပြင်ကို တွားသွားပြီးထွက်လာပြီလား ..."

     ဧကရာဇ်ပြိုင်ဘက်အဆင့်ဟူသည်ကား ပေါ့သေးသေးမဟုတ်ပေ။ အင်မော်တယ်ဧကရာဇ်တွေပင် အနိုင်ယူရန်မလွယ်သော အဆင့်တစ်ခု ဖြစ်ပေသည်။ ကျန်အဆင့်များဆိုလျှင် သူတို့နှင့်ရင်ဆိုင်ရန် အရည်အချင်း မပြည့်မီပေ။

     ဧကရာဇ်ပြိုင်ဘက်အဆင့်များသည် အင်မော်တယ်ဧကရာဇ်ကို အနိုင်မယူနိုင်ကြသော်လည်း တိုက်ကွက်များစွာ ဖလှယ်နိုင်သည်။ အင်မော်တယ်ဧကရာဇ်၏ အဆုံးမဲ့စွမ်းအားကို ခံနိုင်ရည်ရှိကြသည်။

     ထိုအချက်က သူတို့၏ စွမ်းအားကို ဖော်ပြနေသည်။ သာမန်နတ်ဘုရားသခင်အဆင့်များအနေဖြင့် အင်မော်တယ်ဧကရာဇ်၏ အရှေ့တွင် ကြောက်ရွံ့တုန်လှုပ်နေလိမ့်မည်။ ကောင်းကင်စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် တိုက်ခိုက်ရန်နေနေသာသာ ချက်ချင်း ဖိနှိပ်ခံရမည်ဖြစ်သည်။

     ထို့ကြောင့် ဧကရာဇ်ပြိုင်ဘက်အဆင့်အကြောင်း ကြားသည်နှင့် လူတိုင်းသည် ​လေးလေးနက်နက် ဖြစ်သွားပေမည်။ သို့သော် လီကွမ်ရီကတော့ မဟုတ်ပေ။ သူ၏မျက်လုံးထဲ၌ ဧကရာဇ်ပြိုင်ဘက်အဆင့်များသည် အရေးမပါသေးချေ။

     ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြရပြန်သည်။ တယ်။ ဝိညာဥ်ချောက်နက်ဂိုဏ်း၏ သက်တမ်းမှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်၏။ ထို့ပြင် ဂိုဏ်းကို တည်ထောင်ခဲ့သူနှင့်ပတ်သက်သည့် ဒဏ္ဍာရီတွေလည်း အများကြီးရှိသည်။

     ထိုသူသည် ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ ပထမဆုံးဘိုးဘေးဟု ကောလဟာလများ ရှိသည်။ သို့သော် ညှို့ဓာတ်ပြင်းဝိညာဥ်အများစုကမူ ထိုအချက်ကို ငြင်းဆန်ကြသည်။ လက်မခံကြချေ။ မျိုးဆက်ပွားသူမဟုတ်ဘဲ ညှို့ဓာတ်ပြင်း ဝိညာဥ်မျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုမျှသာဟု လက်ခံထားကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora