1661 - 1665

58 3 0
                                    

စစ်ဧကရာဇ်(Chpater:1661)
(စစ်သူကြီးများ)
.......................
     ဟိုင်လင်းသည် လီကွမ်ရီကိုကြည့်ပြီး ငိုင်တွေနေမိသည်။ ဖြစ်နိုင်လျှင် လီကွမ်ရီနှင့် မိုးပြာနဂါးတပ်မဟာကိုပါ တိုက်ပွဲ၌ဝင်ပါစေချင်သည်။ သို့မှသာ နေသူရိန်ဂိုဏ်းကို အနိုင်ရရန် အခွင့်အရေးရှိပေမည်။ သူ၏မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်းဖြင့် နေသူရိန်ဂိုဏ်းကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

     လီကွမ်ရီက ဟိုင်လင်းကို ပြုံး၍ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းကိုခါယမ်းလိုက်ကာ ...
     "မင်း ငါ့ရဲ့ဆိုလိုရင်းကို နားလည်မှုလွဲနေတယ်၊ စစ်ပွဲမှာ ဝင်ပါခြင်း၊ ဝင်မပါခြင်းက မင်းကို ယုံကြည်တာ၊ မယုံကြည်တာနဲ့ မဆိုင်ဘူး၊ ငါဆန္ဒရှိရင် နေသူရိန်ဂိုဏ်းကို အချိန်မရွေး ဖျက်ဆီးပစ်လို့ရတယ်"

     "ဒါဆို ဘယ်အချိန်မှာ တိုက်ခိုက်မှာလဲ"ဟိုင်လင်းက ပြန်မေးသည်။

     "ငါလည်း အတိအကျ မပြောနိုင်ဘူး"လီကွမ်ရီက ကျယ်လောင်စွာရယ်ပြီး ဆက်ပြောသည်။
     "တကယ်တော့ တချို့ပြဿနာတွေမှာ ကယ်တင်ရှင်တွေကို အားကိုးလို့မရဘူး၊ ကိုယ်တိုင်ဖြေရှင်းတာက အကောင်းဆုံးပဲလေ"

     ဟိုင်လင်းက နားမလည်ပေ။ သူ့ကို မယုံကြည်၍ပြောနေသည်ဟု ထင်မြင်ပြီး လေးလေးနက်နက် ပြန်ပြောလိုက်သည်။
     "ဒီမျိုးဆက်ရဲ့ ကောင်းကင်စွမ်းအားက အစ်ကိုလီအတွက်ပါ၊ အစ်ကိုလီဆီမှာ ကံစွမ်းအားနန်းတော် ဆယ့်သုံးခုတောင် ရှိတာလေ၊ အစ်ကိုလီကို ကျော်ဖြတ်နိုင်သူ မရှိပါဘူး"

     "မင်းက ငါပြောတာကို နားမလည်သေးဘူး"လီကွမ်ရီက ခေါင်းကို ခါယမ်းလိုက်သည်။
     "ကောင်းကင်စွမ်းအားပြိုင်ပွဲကို ငါဂရုမစိုက်ဘူး၊ လူတွေက ဘယ်လိုပဲထင်နေပါစေ အချိန်တန်ရင် ကောင်းကင်စွမ်းအားက ငါ့အပိုင်ဖြစ်လာမှာပဲ၊ စစ်ပွဲမှာ ဝင်ပါတာ၊ မပါတာက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး၊ မြောက်ပိုင်းပင်လယ်ဒေသ ဆက်ပြီးရပ်တည်နိုင်ဖို့၊ ဒါမှမဟုတ် မင်းတို့တွေ ဆက်လက်အသက်ရှင်နိုင်ဖို့က ကိုယ့်ကိုယ်ကိုယ်ပဲ မူတည်ပါတယ်"လီကွမ်ရီက သူ၏နှလုံးသားကို ညွှန်ပြလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now