1236 - 1240

107 2 0
                                    

စစ်ဧကရာဇ်(Chapter:1236)
(သက်တန့်ကျွန်း)
..........................
     နဂါးတောင်တန်းကို နဂါးတစ်ကောင်ဟု သတ်မှတ်ပါက တုံထင်ရေကန်သည် နဂါးခံတွင်းထဲရှိ ရတနာတစ်ခု ဖြစ်သည်။ ဒါကက တုံထင်ရေကန်သည် နဂါးတောင်တန်းရဲ့ ဦးခေါင်းပိုင်းတွင် ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

     တုံထင်ရေကန်ကို နဂါးခံတွင်းမှ ရတနာတစ်ခုဟု တင်စားပါက သက်တန့်ကျွန်းကို နဂါးရဲ့အမြီးအဖြစ် သတ်မှတ်နိုင်သည်။

     သက်တန့်ကျွန်း ... ကျွန်းများစွာဖြင့် ဖွဲ့စည်းထားပြီး သဘာဝ အလှတွေဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ သက်တန့်ကျွန်းပေါ်ရှိ အဆောက်အဦ အများစုမှာ သစ်လုံးအိမ်တွေ ဖြစ်ကြသည်။

     နဂါးတောင်တန်း‌နှင့် ပတ်သက်ပြီး ကောလဟာလတစ်ခု ရှိသည်။ ယင်းမှာ လျှို့ဝှက်ဆန်းကြယ်သည့် နဂါးဘီလူးနိုင်ငံရဲ့ ဒဏ္ဍာရီဖြစ်သည်။ ဒီဒဏ္ဍာရီကို ယုံကြည်သူတွေ ရှိသလို မယုံကြည်သူတွေလည်း ရှိကြသည်။ လက်ရှိအချိန်အထိတော့ အမှန်တရားကို မည်သူမှ မဖော်ထုတ်နိုင်ကြသေးပေ။

     ဒဏ္ဍာရီအရတော့ နဂါးဘီလူးနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင်ရဲ့ ဘိုးဘေးက နဂါးနတ်ဘုရားဖြစ်သည်ဟု ဆိုကြသည်။ ဒီနေရာတွင် ပြောစရာတစ်ခု ရှိသည်။ နဂါးဘီလူးနိုင်ငံရဲ့ တည်ရှိမှုကို အများစုက မယုံကြသော်လည်း နဂါးနတ်ဘုရားရှိသည်ကိုတော့ ယုံကြည်ကြသည်။

     နဂါးနတ်ဘုရားသည် ပင်လယ်နတ်ဆိုးမျိုးနွယ်တွေရဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်သည်။ သူသေပြီးနောက်တွင် သူ့ရဲ့ခန္ဓာကိုယ်က နဂါးတောင်တန်းအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် နဂါးနတ်ဘုရားရဲ့ မျိုးဆက်က တောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာ၌ နဂါးဘီလူးနိုင်ငံကို တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် အမှန်တရားမှာ လက်ရှိအချိန်အထိ နဂါးဘီလူးနိုင်ငံရဲ့ တည်ရှိမှုကို သက်သေပြနိုင်သူ မရှိသေးပေ။

     အချို့လူတွေရဲ့ စိတ်ထဲမှာတော့ နဂါးဘီလူးနိုင်ငံက သက်တန့်မြို့တော်နှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသည်။ သက်တန့်မြို့တော်အတွင်း နဂါးဘီလူးနိုင်ငံရဲ့ သဲလွန်စအချို့ ရှိသည်ဟု ဆိုကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now