1656 - 1660

52 4 0
                                    

စစ်ဧကရာဇ်(Chapter:1656)
(ကောင်းကင်စွမ်းအား ထွက်ပေါ်လာတော့မည်)
.................................................................
     မော်တယ်ဧကရာဇ်ကမ္ဘာတစ်ခုလုံးမှာ ခက်ခဲသောအခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် မြောက်ပိုင်းပင်လယ်က အခြားဒေသများထက် ရိုက်ခတ်မှုဒဏ်ကို ပို၍ခံနေကြရ၏။ ထိုဒေသရှိ အင်အားကြီးဂိုဏ်းများပင် မကြောက်ဘဲ မနေနိုင်ကြချေ။

     များမကြာမီ ပင်လယ်ဒေသအတွင်း ကြောက်မက်ဖွယ်စစ်ပွဲကြီး ဖြစ်လာပေတော့မည်။ ဒေသတစ်ခုလုံး စစ်မြေပြင်ဖြစ်လာကာ စစ်မီးက အင်အားကြီးနိုင်ငံများသို့ပါ အလျင်အမြန် ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအချိန်၌ ကျင့်ကြံသူအများအပြား ဒုက္ခကြုံရနိုင်ပေသည်။

     အားလုံး၏စိတ်အာရုံက စစ်ပွဲအပေါ် ရှိနေစဥ်မှာပင် ကမ္ဘာကိုးခု၌ လွန်စွာထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။

     ဝှစ် ... လွန်စွာ သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ကျယ်လောင်ခြင်း မရှိသော်လည်း ကမ္ဘာကိုးခုလုံးရှိ ကျင့်ကြံသူအားလုံး ကြားကြရသည်။ နားပင်းနေသူများပင် သူတို့၏နှလုံးသားမှတစ်ဆင့် ထိုအသံကို ခံစားမိကြပေလိမ့်မည်။

     ထိုညမှာပင် ကမ္ဘာကိုးခုသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ ဂိုဏ်းအသီးသီးရှိ မြေအောက်ခေါင်းတလားများအတွင်း အိပ်ပျော်နေသော ဘိုးဘေးများပင် လန့်နိုးလာခဲ့ကြ၏။

     သာယာနာပျော်ဖွယ် အသံများက ည၏ကောင်းကင်ယံတွင်သာမက လွင်ပြင်များ၊ ချိုင့်ဝှမ်းများ၊ သဲကန္တာရများနှင့် အခြားသော နေရာမျိုးစုံ၌ ပဲ့တင်ထပ်နေပေသည်။ မည်သူမဆို ထိုအသံများကို နားထောင်ပြီး ကြည်နူးပီတိဖြစ်ကြရသည်။

     ထို့ပြင် လွန်စွာ သန့်ရှင်းစင်ကြယ်သော ကြယ်ရောင်အလင်းတန်းများကလည်း ကမ္ဘာကိုးခု၏ နေရာအနှံ့သို့ ဖြန့်ကျက်ကျဆင်းလာခဲ့ကြ၏။ ရုတ်တရက်ကြည်လိုက်ပါက အလင်းတန်းများသည် မြစ်များကဲ့သို့ စီးဆင်နေကြသည်။ ၎င်းတို့၏ ဦးတည်ရာက မဟာတာအို၏ မူလအစဆီသို့ဟု ယူဆနိုင်ပေသည်။ မဟာတာအိုတစ်ခုစီတိုင်းသည် မတူညီသောအရောင်နှင့် အသွင်သဏ္ဍာန်မျိုးစုံရှိသော်လည်း အားလုံးက သန့်ရှင်းစင်ကြယ်ကြသည်။ ကမ္ဘာပေါ်ရှိ အသန့်စင်ဆုံး စွမ်းအင်များနှင့် စုစည်းထားသည့်အရာဟုပင် ညွှန်းဆိုနိုင်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now