1581 - 1585

73 6 0
                                    

စစ်ဧကရာဇ်(Chapter:1581)
(အရက်ဆိုင်ငယ်လေး)
...............................
     ရှာဖွေရေးမြို့အတွင်း ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လီကွမ်ရီနှင့် အလင်းဥဒေါင်းဘုရင်တို့သည် ရှေးခေတ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ လီကွမ်ရီဆိုလျှင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိ၏။

     ထို့ပြင် စားသောက်ဖွယ်ရာနှင့် သေရည်ရနံ့ကလည်း သူတို့၏နှာခေါင်းကို လာရောက်မြူဆွယ်နေကြ၏။ အထူးသဖြင့် သေရည်ရနံ့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ချက်လုပ်ထားသည့်အလား ရှေးခေတ်မှခံစားချက်အချို့ကို ပေးစွမ်းသည်။

     "ရှာဖွေရေးမြို့"လီကွမ်ရီက လျှာကို နှုတ်ခမ်းပေါ်သပ်လိုက်သည်။
     "နှစ်တွေအများကြီးကြာခဲ့ပေမယ့် ဒီအရသာကို မမေ့သေးဘူး"

     လီကွမ်ရီက အစေခံအယောင်ဆောင်ထားသော အလင်းဥဒေါင်းဘုရင်ကို ပြုံး၍ပြောသည်။
     "ဒီမြို့မှာ အရသာကောင်းတဲ့ ဟင်းပွဲတစ်မျိုးရှိတယ်၊ မြည့်ကြည့်ချင်လား"

     "သရေစာကို ပြောတာလား"အလင်းဥဒေါင်းဘုရင်မှာ အံ့အားသင့်သွားရသည်။ ကျင့်ကြံသူအများစု၊ အထူးသဖြင့် သူမတို့၏အဆင့်ရှိသူများသည် အစားအသောက်များ စားနေရန်မလိုအပ်တော့ပေ။

     ယခုမူ လီကွမ်ရီက သေမျိုးများကဲ့သို့ စားသောက်ရန်ဆိုလာခဲ့၍ အံ့သြသွားခဲ့ရသည်။

     "လာပါ၊ ငါနောက်ကိုလိုက်ခဲ့၊ မင်းကိုယ်တိုင်ရှာရင် တွေ့မှာမဟုတ်ဘူး"လီကွမ်ရီက ပြုံး၍ပြောကာ အရှေ့မှ ဦးဆောင်ပြီးသွားလိုက်သည်။

     လက်ရှိအချိန် ရှာဖွေရေးမြို့သည် လွန်စွာစည်ကားပြီး ကျင့်ကြံသူများစွာဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ကမ္ဘာတစ်ဝှမ်းမှ အဆင့်မြင့်ကျင့်ကြံသူ အများအပြားက ယုအိမ်တော်ကို ဂုဏ်ပြုရန် ရောက်လာခဲ့ကြသည်။ ယုထိုက်ကျွင်း၏ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲကျင်းပရန် မစီစဥ်ထားသလို မည်သူ့ကိုမှလည်း မဖိတ်ကြားထားပေ။ သို့သော် အားလုံးက ယုထိုက်ကျွင်းကို တွေ့မြင်ချင်၍ အပြေးအလွှား ရောက်လာခဲ့ကြသည်။

     လမ်းမထက် စည်ကားနေသော်လည်း လီကွမ်ရီက အားလုံးကို လစ်လျူရှုထားပုံရသည်။ သူက လူပင်လယ်ကြီးကိုဖြတ်၍ အလင်းဥဒေါင်းဘုရင်အား လမ်းကြားတစ်နေရာသို့ ခေါ်ဆောင်လာသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now