စစ်ဧကရာဇ်(Chapter:1471)
(စုမိသားစု၏ နတ်ဟင်္သာလှံ)
.......................................
ဝုန်း ... ဝုန်း ... ဒုန်း ... ဧရာမလက်ဖဝါးကြီးကိုးခုကြောင့် စုယုန်ဟောင်၏ ကံစွမ်းအားနန်းတော်ဖြင့် ဖန်တီးထားသော နိုင်ငံကြီးမှာ စတင်တုန်ခါလာခဲ့တော့သည်။ နေရာပေါင်းစုံမှ အက်ကွဲသံများပင် ထွက်ပေါ်လာခဲ့၏။ပင်လယ်ဒိုင်းသခင်မင်းသား၏ လက်အိတ်သည် မိုးကြိုးခရုဂိုဏ်း၏ ထိပ်တန်းရတနာဖြစ်သည်။ ပင်လယ်နတ်ဘုရားကိုယ်တိုင် ကိုင်တွယ်အသုံးပြုခဲ့သည့် လက်အိတ်ဖြစ်သည်။ ပင်လယ်နတ်ဘုရားလောက် အားကောင်းခြင်းမရှိသော်လည်း ဘိုးဘေးအမွေအနှစ်ရတနာဖြစ်၍ လက်အိတ်ကို ကောင်းစွာ အသုံးပြုနိုင်ခဲ့သည်။
ဝှစ် ... မျက်စိတစ်မှိတ်အတွင်း စုယုန်ဟောင်၏လက်ထဲ၌ လှံတစ်ချောင်း ရောက်လာသည်။ ထိုလှံသည် မီးကဲ့သို့ နီရဲ၏။ နေရာအနှံ့မှ မီးပွားများ ဖွာထွက်နေသည်ကို တွေ့ရသည်။ လှံကို ဆုပ်ကိုင်လိုက်သည်နှင့် သူမ၏တစ်ကိုယ်လုံး မီးခဲအလား ဖြစ်လာခဲ့သည်။ ယခင်ထက် ပို၍ အရှိန်အဝါ ပြင်းထန်လာပြီး နတ်ဘုရားတစ်ပါး လူပြန်ဝင်စားသည့်အလား ဖြစ်လာခဲ့တော့သည်။
စုယုန်ဟောင်က လှံကို ကောင်းကင်ထက်သို့ ရွယ်လိုက်သည်။ ပြဒါးရောင် ဟင်္သာငှက်တစ်ကောင် ပျံထွက်သွားသည်။ ထိုငှက်၏ စွမ်းအားသည် လွန်စွာ ကြောက်စရာကောင်းနေပြီဖြစ်၏။ ရှိရင်းစွဲစွမ်းအား၌ ယန်မီးတောက်ခန္ဓာကိုယ် ထပ်မံပေါင်းစပ်လိုက်ချိန်မှာတော့ မယုံနိုင်စရာစွမ်းအားတစ်ခုကို ပိုင်ဆိုင်လာခဲ့သည်။ နတ်ငှက်တစ်ကောင် အသက်ပြန်ရှင်လာသကဲ့သို့ မီးလျှံများအကြား ပျံသန်းနေခဲ့သည်။ အချိန်တိုအတွင်းမှာပင် အင်မော်တယ်အလင်းတန်းများက ကမ္ဘာကို လင်းထိန်သွားစေခဲ့တော့သည်။
လှံနဲ့ဟင်္သာငှက်က စုယုန်ဟောင်၏ အင်အားကို မြင့်တင်ပေးခဲ့သည်။ လူတိုင်းသည် စုယုန်ဟောင်၏ လက်ရှိစွမ်းအားကိုကြည့်ပြီး မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ချေ။
"စုမိသားစုရဲ့ နတ်ဟင်္သာလှံ ..."လီကွမ်ရီကိုယ်တိုင်လည်း စုယုန်ဟောင်ကိုကြည့်ပြီး စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးလိုက်မိသည်။ လက်ရှိ စုယုန်ဟောင်၏ အသွင်သဏ္ဍာန်က သူနှင့်လက်တွဲခဲ့ဖူးသည့် စုမိသားစုမှ စစ်သူကြီးကိုပင် ပြန်လည်သတိရလာစေခဲ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...