စစ်ဧကရာဇ်(Chapter:1671)
(အရပ်မျက်နှာပေါင်းစုံဖြိုခွင်းသော ဝင်္ကပါ)
...........................................................
တပ်မကြီးရှစ်ခု၏ စစ်သည်များမှ သွေးသားစွမ်းအင်ဖြင့် အားဖြည့်ပြီးနောက် ရှေးခေတ်စစ်မြေပြင်က စင်ကြယ်သော အလင်းတန်းများကို ထုတ်လွှတ်လာခဲ့သည်။ထိုအလင်းတန်းများသည် လုံးဝ စင်ကြယ်ပြီး ကောင်းကင်ကို အလင်းရောင်ပေးနေကြသည်။ ထို့ပြင် ထိုအလင်းတန်းများမှ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ဖြာထွက်နေပြီး ၎င်းတို့က မြောက်ပိုင်းပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားကြသည်။
ထိုမြင်ကွင်းကို ကြည့်ရသည်မှာ အင်မော်တယ် နတ်သားရဲတစ်ကောင် ဆင်းသက်လာခါနီး ထုတ်လွှတ်သည့် အလင်းတန်းများနှင့် တူပေသည်။ ထို့ပြင် ထိုစွမ်းအားများက ကောင်ကင်ပြစ်ဒဏ်တစ်ခု၏ အင်အားထက် မနိမ့်ကျပေ။
ဝုန်း ... ရှေးခေတ်စစ်မြေပြင်က ကမ္ဘာ့အရပ်မျက်နှာအားလုံးမှ စွမ်းအားများကို စုပ်ယူလိုက်သည်။ ဤမတိုင်ခင်ကတည်းက ရှေးခေတ်စစ်မြေပြင်သည် မြောက်ပိုင်းပင်လယ်ရှိ အဓိကမြေကြောများမှ စွမ်းအင်များကို စုပ်ယူထားပြီးပြီဖြစ်သည်။ ထို့ပြင် အင်မော်တယ်ဧကရာဇ်အဆင့် သန့်စင်ကျောက်တုံးများဖြင့် ဖန်တီးထားခြင်းဖြစ်ရာ လွန်စွာ အစွမ်းထက်ပေသည်။
ဤရှေးခေတ်စစ်မြေပြင်သည် မြောက်ပိုင်းပင်လယ်ဒေသတစ်ခုလုံး၏ စွမ်းအားနှင့် ညီမျှသည်ဟုပင် ဆိုနိုင်ပေသည်။
ဝုန်း ... မိုးခြိမ်းသံကဲ့သို့အသံကြီး ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရှေးခေတ်စစ်မြေပြင်တစ်ခုလုံး၏ အပေါ်တည့်တည့်၌ မီးတောက်မီးလျှံများ လွှမ်းခြုံကျဆင်းလာခဲ့၏။ ဤသည်ကား ကန့်သတ်ချက်ကိုကျော်လွန်ပြီး ဖန်တီးထားသော 'အရမ်မျက်နှာပေါင်းစုံဖြိုခွင်းသော ဝင်္ကပါ'ကြောင့် ကောင်းကင်ပြစ်ဒဏ် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် မိုးကောင်းကင်၏ တမန်တော်နှင့်တူသည်။ ပုံရိပ်၏နောက်ကျောဘက်၌ အတောင်ပံ (၁၀)ခုပါသည်။ အတောင်ပံအားလုံးက မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ လွန်စွာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...