1271 - 1275

93 5 0
                                    

စစ်ဧကရာဇ်(Chapter:1271)
(အတင်းအကျပ် နှုတ်ထွက်ခိုင်းခြင်း)
.......................................................
     ဟုန်ထျန်းကျူးအပါအဝင် တပည့်အားလုံးမှာ ရှေးဘိုးဘေးတွေအကြောင်း တွေးတောရင်း စိတ်လှုပ်ရှားနေမိကြ၏။ ရှေးဘိုးဘေးတွေလက်ထက် အရှိန်အဝါ ကြီးမားခဲ့ပုံကို မြင်ယောင်ပြီး သွေးပွက်ပွက်ဆူလာခဲ့ကြသည်။

    လီကွမ်ရီက ဟုန်ယွီကျောင်း အပါအဝင် အားလုံးကို ကြည့်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောသည်။
     "အင်မော်တယ်ဧကရာဇ်စစ်တပ်က မင်းတို့ဘိုးဘေးတွေရဲ့ အရှေ့မှာဆိုရင် ဘာမှမဟုတ်ပါဘူး၊ တုံထင်ရေကန်နဲ့ ပြဿနာဖြစ်ပြီး မကြာဘူး၊ သူတို့ထဲက အများစု အသတ်ခံခဲ့ကြရတယ်လေ"

    အတိတ်ကာလ၌ တုံထင်ရေကန်ကို အဓိက မိသားစုသုံးခုဖြစ်သည့် ကျန်း၊ ဟုန်၊ ရှုတို့အပြင် လင်းမိသားစုကပါ ဦးဆောင်ကွပ်ကဲခဲ့သည်။ အားလုံးက သူ့အတွက် လိုလိုလားလား အလုပ်လုပ်ပေးခဲ့ကြ၏။ နောက်ပိုင်းမှာ မိသားစုလေးခုလုံး အနားယူဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအခါ သူက မြေခွေးပန်းချီကားပေါ်တွင် 'အရှုံးမပေးခြင်း'ဟူသည့် စာသားအချို့ ရေးပြီး လက်ဆောင်ပေးအပ်ခဲ့သည်။

     ရှေးဘိုးဘေးတွေက ပန်းချီကားကို ဝမ်းသာအားရ လက်ခံခဲ့ကြ၏။ သားစဥ်မြေးဆက်တွေ အတုယူနိုင်ရန် ရည်ရွယ်ပြီး အစည်းအဝေးခန်းမအတွင်း ချိတ်ဆွဲထားခဲ့ကြသည်။ သို့သော် မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ပေ။ သူတို့သေသွားပြီးနောက် မျိုးဆက်တိုင်းက စည်းကမ်းဖောက်ဖျက်ခဲ့ကြသည်။ ထို့ကြောင့် တုံထင်ရေကန်၏ အရှိန်အဝါကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရ၏။ မြေခွေးပုံပန်းချီကားသည်ပင် အစည်းအဝေးခန်းမအတွင်း ဖုံအလိမ်းလိမ်ဖြင့် ပစ်ပယ်ခံထားခဲ့ရသည်။

     ဟုန်ထျန်းကျူးအနောက်မှ လူငယ်များမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိကြ၏။ ထို့ပြင် သူတို့၏ သွေးတွေ ဆူပွက်လာခဲ့ကြသည်။ စိတ်ထဲမှာလည်း တုံထင်ရေကန်ကို ယခင်လို အရှိန်အဝါကြီးမားအောင် ပြန်လုပ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာခဲ့ကြတော့၏။

    "စိတ်ပျက်စရာ ကောင်းလိုက်တာ၊ ရှေးဘိုးဘေးတွေသာ လက်ရှိအခြေအနေကို မြင်ရင် ဘယ်လောက်ထိ ဒေါသထွက်သွားမလဲ ..."လီကွမ်ရီက စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now