1186 - 1190

106 3 0
                                    

စစ်ဧကရာဇ်(Chapter:1186)
(ကပ်ဘေးဆိုး)
.......................
     ဒီမြေအောက်ကမ္ဘာက လွန်စွာ ထူးဆန်းသည်။ ဒီနေရာတွင် ပြင်ပကမ္ဘာနဲ့ တူညီတဲ့ ကောင်းကင်နဲ့ တိမ်စိုင်တွေ ရှိသည်။ လွန်စွာ ကြီးမားတဲ့ အမြစ်တွေကလည်း နေရာအနှံ့မှာ ရှိနေကြသည်။ အချို့အမြစ်တွေဆိုလျှင် ကောင်းကင်ထက်ရှိ တိမ်စိုင်တွေကို ထိလုထိခင်အထိ မြင့်မားကြသည်။ ဒါ့အပြင် တွန့်လိမ်ယှက်ဖြာနေတဲ့ အစိမ်းရောင် သစ်မြစ်တွေကလည်း ဧရာမ မိကျောင်းကြီးတွေအလား ထင်မှတ်မှားရသည်။

     အထက်ကောင်းကင်ယံမှာတော့ ကြယ်တာယာ အမြောက်အများကို တွေ့မြင်ရမည် ဖြစ်သည်။ အဆိုပါ ကြယ်တစ်လုံးချင်းစီက လွန်စွာ ဝောာက်ပပြီး ကောင်းကင်တစ်ခွင် ထွန်းလင်းနေစေခဲ့သည်။

     ဒီနေရာမှာ ရှိတဲ့ သစ်မြစ်တွေက ဥဒေါင်းသစ်ပင်နှင့် နှိုင်းယှဉ်လျှင် များစွာ အားကောင်းနေသေးသည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ ဒီသစ်မြစ်အားလုံးက အားကောင်းတဲ့ အသက်စွမ်းအင်တွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဒါ့အပြင် ဥဒေါင်းသစ်ပင်ရဲ့ အောက်ခြေမှာ တွေ့ရတဲ့ ကြယ်တာယာတွေထက် ဒီမှာရှိတဲ့ ကြယ်တွေက ပိုမိုတောက်ပကြသည်။

     "အဲ့ဒါက ဘာတွေလဲ၊ ကြယ်တွေလား ..."ထန့်ကျိဝမ်က အပေါ်ကို မော့ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

     နေကြာဘိုးဘိုးနဲ့ ရဲတိုက်သခင်တို့မှာ နှုတ်ဆိတ်နေခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက ပထမအကြိမ် ရောက်ဖူးခြင်းဖြစ်၍ ကြယ်တွေ ဟုတ်မဟုတ်ကို မသိကြပေ။

     "ဒါက အချိန်ကိုယ်စားပြု ကြယ်တွေပါ"လီကွမ်ရီက ထန့်ကျိဝမ်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
     "အချိန်ကြာလာရင် ဒီကြယ်ပွင့်လေးတွေက တဖြည်းဖြည်း မှေးမှိန်သွားမှာလေ၊ ဒါက စပျစ်ပင်ရဲ့ အသက်တွေလို့လည်း ပြောလို့ရတယ်၊ ကြယ်အရေအတွက်က စပျစ်ပင်ရဲ့ အသက်ဘယ်လောက်ကျန်သေးတယ်ဆိုတာကို ဖော်ပြနေတာပေါ့"

     ထန့်ကျိဝမ်က ကောင်းကင်ကို နောက်တစ်ကြိမ် မော့ကြည့်သည်။ ကြယ်အရေအတွက်က လွန်စွာ များပြားပြီး မရေတွက်နိုင်ပေ။ သူက ကြယ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ အလားတူပင် နေကြာဘိုးဘိုးနဲ့ ရဲတိုက်သခင်တို့မှာလည်း တူညီတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ကြရသည်။ လက်ရှိတွေ့ရတဲ့ ကြယ်အရေအတွက်အရ လီကွမ်ရီသာ ကပ်ဘေးဆိုးကို ဖယ်ရှားနိုင်ပါက ဘိုးဘေးစပျစ်ပင်ရဲ့ သက်တမ်းမှာ များစွာ ကျန်‌ရှိနေသေးသည်ဟု ယူဆနိုင်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးOù les histoires vivent. Découvrez maintenant