စစ်ဧကရာဇ်(Chapter:1506)
(ခက်ခဲသောအတိတ်)
.............................
လက်ရှိသတင်းများအပေါ် အားလုံးအာရုံရောက်နေချိန်၌ လီကွမ်ရီနှင့် စုယုန်ဟောင်တို့က သိုင်းကျွန်းသို့ ရောက်ရှိနေကြသည်။ သူက ရူနန်နှင့် သွားရောက်တွေ့ဆုံသည်။"ဆရာက ဘာမှမလုပ်ရင်လည်း ဘာမှကိုမလုပ်ဘူး၊ လုပ်လိုက်ပြီဆိုရင်လည်း မိုးပြိုမတတ်ပဲနော် ..."ရူနန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
သို့သော် အံ့အားသင့်ခြင်းတော့ မဖြစ်မိပေ။ အစကတည်းက မုန့်ကျန်းထျန်းတို့အဖွဲ့က လီကွမ်ရီအတွက် ပြိုင်ဘက်မဟုတ်မှန်း သိသည်။ အဆုံးစွန်ပြောရလျှင် မုန့်ကျန်းထျန်းနှင့် အပေါင်းအပါများသည် သူမ၏ဆရာအရှေ့၌ ပုရွက်ဆိတ်များသာ ဖြစ်ပေသည်။
"ကလေးတွေနဲ့ ကစားခဲ့တာလောက်ပါပဲ ..."လီကွမ်ရီက အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
"ဧကရာဇ်ပြိုင်ဘက်အဆင့်တွေ ဝင်မပါမချင်း ငါသွေးပူမှာတောင်မဟုတ်ဘူး"ထိုစကားကိုသာ လူအများကြားသိပါက မျက်လုံးပြူးပေလိမ့်မည်။ မုန့်ကျန်းထျန်းတို့အဖွဲ့က လီကွမ်ရီ၏ ကစားစရာမျှသာ ဖြစ်ပေသလော။
"စစ်မှန်တဲ့ ဧကရာဇ်ပြိုင်ဘက်အဆင့်တွေက လေး၊ ငါးယောက်လောက်တော့ ရှိပါတယ်"ရူနန်က ဆက်ပြောသည်။
"ဒါပေမယ့် သူတို့တွေသာ ဆရာ့အကြောင်းသိထားရင် ထွက်လာရဲကြမှာမဟုတ်ဘူး၊ အခုထက်ဆယ်ဆလောက် သတ္တိရှိနေရင်တောင် ပုန်းနေကြမယ့်လူတွေလေ၊ ကျန်တဲ့လူတွေကတော့ ဧကရာဇ်ပြိုင်ဘက်အဆင့်ဆိုပြီး အမည်ခံထားတဲ့ အတုအယောင်တွေပါပဲ ..."အင်မော်တယ်ဧကရာဇ်တစ်ပါးကို တိုက်ကွက်တစ်ရာအထက် ဖလှယ်နိုင်ပါက ထိုသူတွေကို ဧကရာဇ်ပြိုင်ဘက်အဆင့်ဟု အများစုက သတ်မှတ်ထားကြသည်။ အထွတ်အထိပ်နတ်ဘုရားသခင်အဆင့်တွေပင် သူတို့ကို ရင်မဆိုင်နိုင်ကြချေ။
သို့သော် လီကွမ်ရီနှင့် ရူနန်တို့အတွက်မူ ဧကရာဇ်ပြိုင်ဘက်အဆင့်၏ စံသတ်မှတ်ချက်က ကွဲပြားသည်။ သူတို့သတ်မှတ်ထားသော စံနှုန်းက လွန်စွာ မြင့်မားပေသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...