စစ်ဧကရာဇ်(Chapter:1411)
(မောက်မာရိုင်းစိုင်းသူ)
...............................
ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ် ကျင့်ကြံသူ၏စကားကြောင့် ယဲ့ရှောင်ရှောင်းမှာ မရယ်မိအောင် ကြိုးစားနေရသည်။ သံသယရှိစရာမလိုချေ။ နွားမျက်လုံးနှင့် ရုပ်ဆိုးဆိုးဓားပြဟူသည်မှာ သူမကို ရည်ညွှန်းနေခြင်းပင်တည်း။"သစ်ပင်မျိုးနွယ်ဓားပြလား ..."ယဲ့ရှောင်ရှောင်းက ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ပြုံး၍ပြန်မေးလိုက်သည်။
"ဟမ် ... ငါ့ကို မေးခွန်းပြန်မေးမနေနဲ့၊ အဲ့ဒီဓားပြကိုတွေ့ရင် ဝိညာဥ်ချောက်နက်ဂိုဏ်းကို ချက်ချင်းသတင်းပို့ပါ၊ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပေးမယ် ..."
တကယ်တော့ ဤကျင့်ကြံသူသည် ဝိညာဥ်ချောက်နက်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ ဝိညာဥ်ချောက်နက်ဂိုဏ်းသည် နတ်ရှုံးတောင်ပေါ် အခြေချသော အဖွဲ့အနည်းငယ်ထဲမှတစ်ခု ဖြစ်သည်။ ထူးဆန်းသည်မှာ တောင်၏ဖိအားများက သူတို့ကို မဖိနှိပ်နိုင်ပေ။ တောင်တန်းပေါ်၌ စိတ်ကြိုက် သွားလာလှုပ်ရှားနိုင်ကြသည်။ သို့သော် ထိုသို့သွားလာနိုင်ခြင်း၏ လျှို့ဝှက်ချက်ကို မည်သူမှ မသိကြပေ။ ဝိညာဥ်ချောက်နက်ဂိုဏ်းကလည်း လျှို့ဝှက်ချက်ကို ထုတ်မပြောခဲ့ပေ။
ဝိညာဉ်ကမ္ဘာ၌ ညှို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ် အဖွဲ့အများအပြား ရှိသည်။ ဝိညာဥ်ချောက်နက်ဂိုဏ်းသည် ထိုအဖွဲ့များစွာမှ တစ်ဖွဲ့ဖြစ်သည်သာမက အားလုံးထက် ရှေးကျသည်ဟု အများစုက ယုံကြည်ထားကြသည်။ အချို့လူတွေ၏ အမြင်တွင် ဝိညာဥ်ချောက်နက်ဂိုဏ်းသည် ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ ပထမဆုံးအဖွဲ့ဟုပင် ယူဆထားကြသည်။
ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ အင်အားကြီးဂိုဏ်းအချို့ကမူ ထိုယူဆချက်ကို လက်မခံကြပေ။ သို့သော် ဘာများတတ်နိုင်ပါဦးမည်နည်း။ ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ ရာခိုင်နှုန်းအများစုက ဝိညာဥ်ချောက်နက်ဂိုဏ်းကို သူတို့၏ မူလအစဟု လက်ခံထားကြသည်။
နတ်ရှုံးတောင်၏ ဖိအားက ကျင့်ကြံသူတွေအပေါ် သက်ရောက်မှုကြီးမားသည်။ မည်မျှအားကောင်းသူဖြစ်ပါစေ ဖိနှိပ်ခြင်းခံရပေလိမ့်မည်။ သို့သော် ထူးဆန်းစွာပင် ဝိညာဥ်ချောက်နက်ဂိုဏ်း၏ တပည့်များမှာ တောင်၏ဖိအားကို မခံကြရပေ။ သူတို့သည် ပြင်ပကမ္ဘာရှိ အခြားအဖွဲ့များနှင့် ယှဥ်ပါက အနည်းငယ် အားနည်းနိုင်သော်လည်း နတ်ရှုံးတောင်ပေါ်မှာတော့ ဘုရင်တစ်ပါးဟုသာ ဆိုရပေလိမ့်မည်။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းက သူတို့ကို မျက်နှာသာပေးကြရသည်။
CITEȘTI
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventurăReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...