1216 - 1220

103 3 0
                                    

စစ်ဧကရာဇ်(Chapter:1216)
(ပင်လယ်ငါးဘုရင်)
..............................
     ဥဒေါင်းသစ်ပင်ပေါ်မှ အလောင်းတွေကို ကြည့်ရင်း အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေမိကြသည်။ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။ အနည်းငယ် ကြာပြီးနောက်မှာမှ ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။
     "နောက်ထပ် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦး၊ သူက ထက်မြက်သောနတ်ဘုရား၊ သမုဒ္ဒရာခုနှစ်စင်း စစ်နတ်သမီး၊ အာကာသနတ်ဘုရား၊ ပင်လယ်ဒိုင်းဘုရင်မင်းသားလေးတို့နှင့် နှိုင်းယှဉ်လို့ ရနိုင်မလား"

      အထက်ပါ ပုဂ္ဂိုလ်အားလုံးက ဝိညာဉ်ကမ္ဘာရှိ ထိပ်တန်းအဆင့် ပါရမီရှင်တွေ ဖြစ်ကြသည်။ သူတို့လေးယောက်က အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားကြသည်။

      နောက်ထပ် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကလည်း လီကွမ်ရီကို ကြည့်ပြီး မှတ်ချက်ချသည်။
     "သူက ပါရမီရှင် လေးယောက်နဲ့ ယှဉ်နိုင်မလားတော့ မသိဘူး၊ ဒါပေမယ့် ယန်သခင်ကြီးနဲ့ တာအိုသခင်လင်းတို့ကိုတော့ ရင်ဆိုင်နိုင်တဲ့ အင်အားမျိုး ရှိနေတာ သေချာတယ်"

      တာအိုသခင်လင်းနှင့် ယန်သခင်ကြီးတို့က ကျောက်စိမ်းပင်လယ်အတွင်း ထင်ရှားတဲ့ ပါရမီရှင်တွေ ဖြစ်သည်။ သို့သော် ပါရမီရှင် လေးယောက်နှင့် ယှဉ်လျှင်တော့ ကွာဟချက်တွေ အများကြီး ရှိနေသေးသည်။

      ထိုစဥ် လီကွမ်ရီက ကျင့်ကြံသူအားလုံးကို ဝေ့ဝိုက်ကြည့်ရင် ပျင်းရိစွာ ပြောလိုက်သည်။
     "ယန်ကျောင်းတော်၊ သန့်စင်သောလွင်ပြင်ဂိုဏ်းတွေနဲ့ ရင်းနှီးသူတွေ ရှိလား၊ ရှိရင် သူတို့လူတွေကို ငါသတ်လိုက်တာလို့ သတင်းပို့လိုက်ပါ၊ သတ္တိရှိရင် ဥဒေါင်းတောင်ကို လာခဲ့ကြဖို့ ပြောလိုက်"

      အားလုံးမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြရသည်။ လီကွမ်ရီရဲ့ စကားတွေက ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ဒီစကားတွေကိုသာ ယန်သခင်ကြီးနှင့် တာအိုသခင်လင်းတို့ ကြားပါက လီကွမ်ရီကို ခွင့်လွတ်နိုင်ကြမည် မဟုတ်ပေ။ လီကွမ်ရီကို ခွင့်လွတ်လိုက်ပါက ဝိညာဉ်ကမ္ဘာတွင် သူတို့ရဲ့ ဂိုဏ်းတွေ မျက်နှာပျက်သွားရပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now