စစ်ဧကရာဇ်(Chapter:1436)
(သက်ရှိမျိုးနွယ်အသစ်)
................................
ဗိုက်ထဲရှိ ကလေးကို ငြိမ်သက်သွားအောင် ချော့မော့ပြီးနောက် လီကွမ်ရီက ကောင်းကင်ဆေးဖိုကို ထုတ်လိုက်သည်။ ကောင်းကင်ဆေးဖိုကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် အသံသဲ့သဲ့နှင့်အတူ မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။လီကွမ်ရီသည် သူ၏လက်ကို ညင်သာစွာ လှန်လိုက်သည်။ ထိုအခါ မီးတောက်အနည်းငယ်က လက်ဖဝါးပေါ် ကျဆင်းလာခဲ့၏။ တစ်ဆက်ထဲမှာ ထိုမီးတောက်လေးသည် ရေခဲဓားအဖြစ် အံ့အားသင့်ဖွယ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ရေခဲဓားကို အသုံးပြုပြီး အမျိုးသမီး၏ ဝမ်းဗိုက်ကို ခွဲစိတ်ရန် ပြင်ဆင်လိုက်သည်။
ယဲ့ရှောင်ရှောင်းမှာ လီကွမ်ရီ၏ လုပ်ရပ်ကိုကြည့်ပြီး အသက်ရှူကျပ်သည်အထိ ထိတ်လန့်သွားခဲ့ရသည်။ အမှန်မှာ ယဲ့ရှောင်ရှောင်းတစ်ယောက်သာ မဟုတ်ပေ။ အနီးနားရှိနေသည့် သစ်ပင်အသေများလည်း မျက်နှာအမူအရာ တင်းမာသွားခဲ့ကြသည်။ သို့သော် မည်သူမှ မလှုပ်ရှားကြသေးပေ။ အားလုံးက လီကွမ်ရီ၏ စိတ်အာရုံထွေပြားသွားမည်စိုး၍ အသက်ကိုပင် ရဲရဲတင်းတင်း မရှူရဲကြတော့ပေ။
အခြားတစ်ဖက်တွင် လီကွမ်ရီမှာမူ တစ်ဆင့်ချင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နေခဲ့သည်။ သားသတ်သမားတစ်ယောက်အလား အမျိုးသမီး၏ ဝမ်းဗိုက်ကို တိတိကျကျ ခွဲစိတ်နေခဲ့သည်။ ထိုအခါမှသာ ယဲ့ရှောင်ရှောင်းအပါအဝင် သစ်ပင်အသေများမှာ စိတ်အေးသွားခဲ့ကြရ၏။ နောက်ဆုံး၌ အမျိုးသမီး၏ဝမ်းဗိုက်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။ဗိုက်ကို ခွဲစိတ်ပြီးနောက် အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်ထဲမှာ လီကွမ်ရီက ဗိုက်အတွင်းရှိ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပြီး အားလုံးကို မျက်စိကျိန်းစေခဲ့သည်။ မသိလျှင် လီကွမ်ရီ၏လက်ထဲ၌ နေလုံးကြီးကို ကိုင်ထားသည်ဟုပင် ထင်မှတ်မှားရသည်။
"အောင်မြင်ပြီ ..."ယဲ့ရှောင်ရှောင်းက စိတ်လှုပ်ရှားနေဟန်ဖြင့် အော်ဟစ်လိုက်သည်။ တစ်ချိန်ထဲမှာ လီကွမ်ရီ၏လက်ထဲ၌ ရှိနေသည့်အရာကို အသေအချာ စူးစိုက်ပြီး ကြည့်လိုက်သည်။ တွေ့လိုက်ရသည့်မြင်ကွင်းက သူမကို အမှန်ပင် အံ့အားသင့်သွားစေခဲ့သည်။ သူမ၏စိတ်ကူးထဲ ထင်မြင်ထားသလို ကလေးတစ်ယောက်မဟုတ်ပေ။ အသားစများဖြင့် ဖွဲ့စည်းထားသော ကြာဖူးတစ်ခုဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ ပွင့်ဖတ်တစ်ခုစီတိုင်းသည် ကလေးတစ်ယောက်၏ အဆီ၊ အသားများနှင့် တူသည်။ ထို့ပြင် နှလုံးခုန်နေသည့်အလား တုန်ခါနေသည်။ နှလုံးခုန်သံက သိပ်ပြီးမကျယ်သော်လည်း အားလုံးကြားရဖို့အထိ လုံလောက်သည်။
ŞİMDİ OKUDUĞUN
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
MaceraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...