1001 - 1005

205 9 0
                                    


စစ်ဧကရာဇ်(Chapter:1001)
(ဝမ်အိမ်တော်)
....................
     ဆေဘာဓားကျောင်းတော်အတွင်း တပည့်တွေ၏ ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်နေခဲ့သည်။ ဝါးပင်ကို ခုတ်လှဲဖို့ ကြိုးစားကြ‌သော်လည်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြပေ။ အားလုံးမှာ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံခဲ့ကြရသည်။

     သူတို့၏သွေးတွေက မြေပြင်ပေါ် စွန်းထင်းနေခဲ့သည်။ အချိန်တိုအတွင်း နေရာအနှံ့၌ သွေးချောင်းစီးနေခဲ့တော့၏။

     နေရာအနှံ့တွင် အလောင်းများ၊ ကျိုးပဲ့နေသော ရတနာများ ပျံ့ကျဲနေခဲ့သည်။ အသက်ရှင်နေသေးသူတွေလည်း ငရဲသို့ အသက်ရှင်လျှက် ရောက်နေသည့်အလား တုန်လှုပ်ချောက်ချားနေကြရ၏။

     ထိုမြင်ကွင်းကို တွေ့မြင်ပြီးနောက် အဝေးမှ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူအားလုံးလည်း တုန်လှုပ်သွားကြသည်။ ဆေဘာဓားကျောင်းတော်ဟူသည်က မည်သို့သော အဖွဲ့အစည်းဖြစ်သနည်း။ ဧကရာဇ်အဆင့်ဂိုဏ်းတစ်ခု မဟုတ်သော်လည်း အံ့သြဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယခုမူကား အလွယ်တကူ ဖျက်ဆီးခံရရုံသာမက ဘိုးဘေးမြေပြင်လည်း ကမ္ဘာ့အဆီအနှစ်ခြောက်ခမ်းပြီး အက်ကွဲနေခဲ့၏။ ယနေ့မှစပြီး ဤနေရာသည် နေထိုင်၍မရတော့သည့် ကန္တာရတစ်ခု ဖြစ်လာပေတော့မည်။ တပည့်အချို့ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ဆေဘာဓားကျောင်းတော်ကို ပြန်တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။

     "ဒါက ဘာကြီးလဲ၊ ကြောက်စရာကောင်းလိုက်တာ ..."ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ဦးက သတိဝင်လာပြီး ဝါးပင်ကိုကြည့်ကာ ‌ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။

     အခြားကျင့်ကြံသူများစွာလည်း ဧရာမဝါးပင်ကြီးကို ကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်နေမိကြ၏။ ဤမတိုင်ခင် အားလုံးက ယခုလို ချောက်ချားဖွယ်မြင်ကွင်းမျိုး တွေ့ရမည်ဟု မတွေးထားခဲ့ကြပေ။

     တကယ်တော့ ဆေဘာဓားကျောင်းတော်အတွင်း အမြစ်တွယ်နေသော ဝါးပင်ကြီးသည် ဝါးဘီလူးနိုင်ငံ၏ ဝါးနတ်ဘုရားဖြစ်သည်။ သို့သော် မည်သူမှ မသိကြပေ။ သို့သော် ဝါးနတ်ဘုရားအစစ် မဟုတ်ပေ။ လီကွမ်ရီက မရဏစိတ်ဝိညာဉ်ကို အသုံးပြုပြီး ပုံတူပွားယူထားခြင်းသာ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now