စစ်ဧကရာဇ်(Chapter:1701)
(တစ်ဆယ်ခုမြောက်ကမ္ဘာ)
.....................................
နှစ်ယောက်သား အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားကြပြန်သည်။ အနည်းငယ်ကြာပြီးနောက် လီကွမ်ရီက ...
"တကယ်တော့ ပြဿနာကိုရှောင်ပုန်းနေတာထက် ထိပ်တိုက်ရင်ဆိုင်လိုက်တာက ပိုကောင်းပါတယ်"ပုလျန်ရှန်းက လီကွမ်ရီကို ညင်သာစွာ ဖက်လိုက်သည်။ ပြီးနောက် လီကွမ်ရီ၏ပခုံးပေါ် သူမ၏ခေါင်းကလေးကိုမှီပြီး တီးတိုးပြောသည်။
"အင်မော်တယ်ဧကရာဇ်တွေ ဆယ်ခုမြောက်ကမ္ဘာကိုသွားတာက သူတို့ရဲ့ကံကြမ္မာကို ရင်ဆိုင်ကြတာလား၊ သူတို့ရဲ့အနာဂတ်အတွက် အသက်နဲ့ရင်းပြီး အလောင်းအစားလုပ်ကြတာလား""ဟုတ်တယ်၊ ကောင်းကင်ပြစ်ဒဏ်ကို ရှောင်ချင်ရင် သူတို့အားလုံးက ကမ္ဘာကိုးခုကနေ မဖြစ်မနေ ထွက်သွားဖို့လိုတယ်လေ"လီကွမ်ရီက ခေါင်းညိတ်ပြသည်။
"ဒါဆို သူတို့က ဆယ်ခုမြောက်ကမ္ဘာကို မဖြစ်မနေ တက်ကြရမှာလား"ပုလျန်ရှန်းက ပြန်မေးသည်။
"အဲ့ဒီလိုပြောလို့ရပါတယ်"လီကွမ်ရီက ခေါင်းတစ်ချက်ညိတ်ပြသည်။
"ကမ္ဘာကိုးခုမှာ ကောင်းကင်စွမ်းအားက မျိုးဆက်တစ်ခုလုံးမှ တစ်ခါပဲပေါ်တာလေ၊ ဒီသီအိုရီအရဆိုရင် ကောင်းကင်စွမ်းအားကို ပိုင်ဆိုင်ထားကြတဲ့ အင်မော်တယ်ဧကရာဇ်တွေက ကမ္ဘာကိုးခုကနေ ထွက်သွားဖို့လိုတယ်၊ သူတို့သာ ဒီမှာပဲဆက်ပြီးရှိနေရင် ကမ္ဘာကိုးခုမှာ ကောင်းကင်စွမ်းအားတွေ အများကြီးဖြစ်ကုန်မှာပေါ့၊ ဒါက ကမ္ဘာကိုးခုရဲ့ သီအိုရီနဲ့ မညီမျှဘူးလေ၊ နောက်တစ်ခု အရေးကြီးတဲ့အချက်ရှိသေးတယ်၊ ကမ္ဘာကိုးခုက ဆယ်ခုမြောက်ကမ္ဘာနဲ့ မတူဘူး၊ အင်မော်တယ်ဧကရာဇ်တွေသာ ကမ္ဘာကိုးခုမှာပဲ ဆက်ပြီးရှိနေရင် အရမ်းကြောက်စရာကောင်းတဲ့ ကောင်းကင်ပြစ်ဒဏ်ကို ရင်ဆိုင်ကြရမှာလေ၊ ဒါကြောင့် သူတို့အားလုံးက စွန့်စားပြီး ဆယ်ခုမြောက်ကမ္ဘာပေါ် တက်သွားကြတာပါ""ကောင်းကင်စွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာတဲ့အချိန် အင်မော်တယ်ဧကရာဇ်တစ်ပါးပါးက ကမ္ဘာကိုးခုမှာပဲ ဆက်ပြီးရှိနေဦးမယ်ဆိုရင် ကောင်းကင်ပြစ်ဒဏ်က ချက်ချင်းကျဆင်းလာမယ်၊ သူတို့တွေ ပိုပြီးအားကောင်းလေ ကောင်းကင်ပြစ်ဒဏ်ကလည်း ပိုပြီးကြောက်စရာကောင်းလေပဲ၊ အတိအလင်းပြောရရင် ကျဆင်းလာမဲ့ ကောင်းကင်ပြစ်ဒဏ်က သူတို့ကိုသတ်ဖို့ လုံလောက်တယ်လေ"လီကွမ်ရီက ပြောလက်စ စကားကိုရပ်ပြီး ခေတ္တအနားယူသည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောသည်။
"ဒါကြောင့်လည်း အင်မော်တယ်ဧကရာဇ်အဆင့်က မဟာတာအိုလမ်းကြောင်းရဲ့ အစပဲရှိသေးတယ်လို့ ငါပြောခဲ့တာပေါ့ ..."
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...