1021 - 1025

206 5 0
                                    

စစ်ဧကရာဇ်(Chapter:1021)
(အချစ် သို့မဟုတ် အမုန်း)
.......................................
     "တကယ်လား ..."ပုလျန်ရှန်းက လီကွမ်ရီကို ငေးကြည့်သည်။ သူမ၏ပုံစံက လီကွမ်ရီကို မယုံကြည်ကြောင်း ဖော်ပြနေခဲ့သည်။

     "ငါ့ကိုယုံပါ"လီကွမ်ရီက နွမ်းလျစွာပြုံးရင်း ဆက်ပြောသည်။
     "စစ်ပွဲကြီးမဖြစ်ခင် အရာအားလုံးကို ငါအဆုံးသတ်ရမယ်၊ ချူယွင်ထျန်းနဲ့ ပတ်သက်ပြီး အမှန်တရားကို မင်းသိသင့်သလောက် သိပြီးပါပြီ၊ လောလောဆယ် မင်းက ရှေ့ဟောင်းသင်္ချိုင်းမြေကနေ ပြန်ထွက်လာတာမို့ ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် အရင်ဆုံး ပြင်ဆင်သင့်တယ်မလား ..."

     "ဟမ် ..."ပုလျန်ရှန်း၏မျက်နှာက အနည်းငယ် တင်းမာသွားခဲ့သည်။
     "အရာအားလုံးက နင်စီစဉ်ထားတဲ့အတိုင်းပဲဖြစ်လာတာမလား ..."

     "ဒါပေမယ့် မှန်ကန်တဲ့ အမှောင်လှေကို မင်းအတွက် ငါရွေးချယ်ပေးခဲ့တယ်လေ ..."လီကွမ်ရီက သူမကို ကြည့်သည်။
     "ချူယွင်ထျန်းအကြောင်း သိပြီးတဲ့နောက်မှာ မင်းက သင်္ချိုင်းမြေကနေထွက်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး မဟုတ်လား၊ ငါ့ရဲ့အကူအညီကြောင့်သာ မှန်ကန်တဲ့လှေကို ရွေးပြီး ပြင်ပ ကမ္ဘာကို ပြန်ထွက်လာနိုင်ခဲ့တာ မဟုတ်လား၊ အခုဆို မင်းအသက်ပြန်ရှင်နေပြီလေ ..."

     ပုလျန်ရှန်းမှာ တဒင်္ဂ တိတ်ဆိတ်သွားပြီး ငြိမ်သက်နေခဲ့သည်။ လီကွမ်ရီ၏စကားက မမှားပေ။ သူ၏ အကူအညီကြောင့်သာ မှန်ကန်သောလှေကို ရွေးပြီး အသက် ပြန်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

     "ဒါဆို ငွေမြစ်အတွက် ဒီကို လာခဲ့တာ မဟုတ်ဘူးလား"အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ပုလျန်ရှန်းက တိုးညင်းစွာ မေးသည်။

     "ဒီမေးခွန်းက ငါ့ကို အရမ်း စိတ်မကောင်းဖြစ်စေတယ် ..."လီကွမ်ရီက ပုလျန်ရှန်းကို တစ်ချက်ကြည့်ရင်း ဆက်ပြောသည်။
     "ငါက ငွေမြစ်ကို အရမ်းလိုချင်နေတာလို့ မင်းထင်နေတာလား၊ ဒီလိုဆိုရင်တော့ စကားဆက်ပြောနေရင်လည်း မထူးတော့ဘူး ..."လီကွမ်ရီက စိတ်ပျက်ဟန်ဖြင့် ခေါင်းခါယမ်းသည်။ ပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now