1241 - 1245

94 3 0
                                    

စစ်ဧကရာဇ်(Chapter:1241)
(နဂါးတေးသွားတောင်ကြား)
...........................................
     ကျန်းပိုင်ထူ၏ မျက်ဝန်းတွေ လင်းလက်နေသည်။ မျှော်လင့်ချက်အလင်းရောင်တွေဟု ‌ပြောပါက ရာနှုန်းပြည့် မှန်ပေလိမ့်မည်။

     လီကွမ်ရီက ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
     "မဟုတ်ဘူး၊ ငါ့ဆီမှာ မင်းနဲ့ သင့်လျော်တဲ့ ကျင့်စဉ် မရှိဘူး၊ မင်းက ကျန်းအိမ်တော်ကဖြစ်လို့ ကျန်းမိသားစုရဲ့ ကျင့်စဉ်ကိုပဲ လေ့ကျင့်သင့်တယ်"

     "ဒါ ... ဒါပေမယ့် ကျန်းမိသားစုရဲ့ ကျင့်စဉ်တွေက ပျောက်ဆုံးကုန်ပြီလေ"ကျန်းပိုင်ထူက အနည်းငယ် စဉ်းစားဟန်ပြုသည်။ ပြီးနောက် လီကွမ်ရီကို ပြန်ကြည့်သည်။
     "သခင်လေး၊ ဒါက မလွယ်ဘူးထင်တယ်၊ တုံထင်ရေကန်မှာတောင် ကျန်းမိသားစုရဲ့ ကျင့်စဉ်တွေ မရှိလောက်တော့ဘူး၊ အားလုံး ပျောက်နေလောက်ပြီ"

     "တုံထင်ရေကန်မှာ ရှိမရှိတော့ ငါလည်း အာမ မခံနိုင်ဘူ"လီကွမ်ရီက ခေါင်းညိတ်ပြသည်။
     "နဂါးတေးသွားတောင်ကြားမှာတော့ သေချာပေါက် ရှိလိမ့်မယ်"

     "နဂါးတေးသွားတောင်ကြားလား ..."ကျန်းပိုင်ထူ အံ့အားသင့်သွားရသည်။
     "ကျန်းမိသားစုရဲ့ ကျင့်စဉ်တွေက ဘာလို့ အဲ့ဒီနေရာမှာ ရှိနေရတာလဲ"ကျန်းအိမ်တော်နှင့် နဂါးတေးသွားတောင်ကြားတို့ ဆက်စပ်မှု ရှိသည်ဟု သူမကြားဖူးပေ။

     "ဘာကြောင့်ပဲဖြစ်ဖြစ် အဲ့ဒီနေရာမှာ ရှိနေဖို့ပဲ လိုတာလေ"လီကွမ်ရီက သူ့ခေါင်းကို လက်ညိုးဖြင့် ထိုးပြလိုက်သည်။
     "တကယ်လို့ မင်းသာ ကံကောင်းပြီး ဉာဏ်အလင်းရနိုင်ခဲ့ရင် ကျန်းမိသားစုရဲ့ ကျင့်စဉ်တွေကို ပြန်ပြီးဖော်ထုတ်နိုင်မှာပါ"

     ကျန်းပိုင်ထူမှာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ ကျင့်ကြံခြင်း၌ ပါရမီ မပါပေမယ့် အရမ်းတုံးအလွန်းသူတော့ မဟုတ်ပေ။ သူက မဝံ့မရဲ အမူအရာဖြင့် မေးလိုက်သည်။
     "သခင်လေး၊ ကျန်းမိသားစုရဲ့ ကျင့်စဉ်က နဂါးတေးသွားတောင်ကြားကနေ ဆင်းသက်လာတာလို့ ပြောချင်တာလား"

     "ဆိုပါတော့ ..."လီကွမ်ရီက ခေါင်းညိတ်ပြသည်။
     "မင်းရဲ့ ဂိုဏ်းတည်ထောင်သူဘိုးဘေးက လူသားမျိုးနွယ်စစ်စစ် မဟုတ်ဘူး၊ သူ့ရဲ့ မျိုးဆက်သွေးက အခြားမျိုးနွယ်တစ်ခုနဲ့ ရောနှောနေတယ်၊ ဒါကြောင့် ကျန်းမိသားစုဝင် အားလုံးက ပြင်ပကျင့်စဉ်တွေကို လေ့ကျင့်ဖို့ အဆင်မပြေတာလေ၊ အခု နဂါးတေးသွားတောင်ကြားကို သွားမယ် ... အဲ့ဒီမှာ ဉာဏ်အလင်းရအောင် ကြိုးစားပါ၊ အောင်မြင်ရင် ကျန်းမိသားစုရဲ့ ကျင့်စဉ်တွေကို ပြန်လည်ဖော်ထုတ်နိုင်လိမ့်မယ်"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now