စစ်ဧကရာဇ်(Chapter:1121)
(ဓမ္မစကားဝိုင်း)
........................
ဟမ် ... ဘုန်းတော်ကြီး အေးတိအေးစက် ရေရွတ်လိုက်သည်။ သူ့ရဲ့ ကိုယ်ပေါ်မှ ဗုဒ္ဓရောင်ခြည်တော်နှင်ခု ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းနှစ်ခုက တစ်ခုနဲ့တစ်ခု တူညီခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အလင်းတန်းနှစ်ခုလုံးမှာ ဘီလျံနဲ့ချီတဲ့ အကွာအဝေးအထိ သူတို့ရဲ့ အလင်းရောင်တွေကို ထွန်းလင်းနိုင်စွမ်း ရှိကြသည်။ကမ္ဘာပေါင်း ၃၀၀၀အထိ ဗုဒ္ဓရဲ့ တရားသံတွေ လွှမ်းခြုံသွားခဲ့သည်။ ဘာသာသီချင်းများသီဆိုခဲ့သည်။ တောက်ပတဲ့ အလင်းတန်းတွေက အမွန်မြတ်ဆုံး ဓမ္မတရားအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
အဆိုပါ အလင်းတန်းတစ်ခုချင်းစီက ဗုဒ္ဓလမ်းစဉ်ကို ကိုယ်စားပြုပြီး သက်ရှိတိုင်းကို လုံလောက်တဲ့ နွေးထွေးမှုတွေ ပေးနိုင်စွမ်း ရှိကြသည်။
ထိုစဉ် ဘုန်းတော်ကြီးရဲ့ ဦးခေါင်းအနောက်၌ ဗုဒ္ဓရောင်ခြည်စက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုရောင်ခြည်အလင်းတွေက ကမ္ဘာသုံးထောင်လုံးကို ထွန်းလင်းပေးဖို့ လုံလောက်သည်။ တစ်ချိန်ထဲမှာပင် သူ့ရဲ့ခြေထောက်အောက်၌ ရွှေရောင် ကြာပွင့်တစ်ပွင့် ပေါ်လာခဲ့သည်။
ဘုန်းတော်ကြီးရဲ့ အသွင်အပြင်က အစောပိုင်း တွေ့ရသလို မဟုတ်တော့ပေ။ ဗုဒ္ဓတစ်ပါးအလား ဖြစ်လာခဲ့သည်။ လက်ရှိအချိန် သူ့ရဲ့အင်အားက နတ်ဘုရားတွေကိုပင် စကားလုံး တစ်လုံးထဲဖြင့် ပြောင်းလဲနိုင်စွမ်း ရှိသည်။
ထိုအချိန်မှာပင် လီကွမ်ရီထံမှလည်း ဗုဒ္ဓရောင်ခြည်တစ်ခု ထွက်လာခဲ့သည်။ ကမ္ဘာသုံးထောင်သာမက စကြာဝဠာတစ်ခုလုံးကို အေးမြတဲ့ အလင်းရောင် ထွန်းလင်းပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်တွေသာမက နတ်ဘုရားတွေပင် သူ့အရှေ့၌ ပြားပြားဝပ် ကိုးကွယ်ကြရမည် ဖြစ်သည်။ သူ့ရဲ့ စကားတွေက ဒီလောကရဲ့ တစ်ခုတည်းသော စည်းမျဉ်းဥပဒေတွေ ဖြစ်လာခဲ့သည်။
ကောင်းကင်ကိုးခုနှင့် ကမ္ဘာဆယ်ခုတွင် သူ့ရဲ့ဓမ္မကို ထာဝရထာ တည်တံ့စေခဲ့သည်။ မည်မျှ ဂုဏ်အရှိန်အဝါကြီးမားသူဖြစ်ပါစေ သူ့အရှေ့၌ အနည်းငယ်မျှပင် အရေးမပါတော့ပေ။ အရာအားလုံးသည် သူ့အတွက်တော့ မြူမှုန်တွေအလား ဖြစ်လာခဲ့သည်။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...