1041 - 1045

212 7 0
                                    

စစ်ဧကရာဇ်(Chapter:1041)
(နေသူရိန်မင်းသမီး)
..............................
     "ကောင်းပြီ၊ ဒါက အရေးကြီး ကိစ္စနော် ..."လီကွမ်ရီက စစ်ခုန်ထုန်ထျန်းကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။

     "စိတ်မပူပါနဲ့ သခင်၊ လုပ်ရမယ့်အရာကိုသာ ပြောလိုက်ပါ၊ အောင်မြင်စေရပါမယ် ..."စစ်ခုန်ထုန်ထျန်းက အလျင်အမြန် ပြန်ပြောသည်။

     လီကွမ်ရီက ခေါင်းတစ်ချက် ညိတ်ပြသည်။
     ""မင်းရဲ့ လျှို့ဝှက်တောင်ကြားကို အသွားအပြန်လုပ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ"

     စစ်ခုန်ထုန်ထျန်းက ချက်ချင်းပင် ပြန်ဖြေသည်။
     "သခင်၊ ဘယ်လောက်ထိ မြန်စေချင်လဲ၊ မင်းမြန်ချင်သလောက် မြန်စေရမယ်"

     "အမြန်ဆုံး လိုချင်တယ် ..."လီကွမ်ရီက အလေးအနက် ဆက်ပြောသည်။
     "မင်းကို အချိန်ငါးရက်ပေးမယ်၊ ငါးရက်အတွင်း ငါ့ဆီကို ပြန်လာရမယ်၊ အဆင်ပြေလား ..."

      "အဆင်ပြေတယ် သခင်၊ အချိန် ငါးရက် မလိုပါဘူး ..."စစ်ခုန်ထုန်ထျန်းက အာမခံကြောင်း ပြောသည်။
     "သုံးရက်နဲ့ အရောက်ပြန်လာနိုင်ပါတယ် ..."

     "ကောင်းပြီ၊ သေမင်းသခင်ကို ငါ့ဆီလာဖို့ ပြောပေးပါ"လီကွမ်ရီက စစ်ခုန်ထုန်ထျန်းကို ပြောလိုက်သည်။

     "အမ် ..."စစ်ခုန်ထုန်ထျန်းမှာ ဆွံ့အ တုန်လှုပ်သွားရသည်။
     "ဟင့်အင်း၊ သေမင်းသခင်ဘိုးဘေးလား၊ သူ့ကို ဖိတ်ခေါ်ချင်တာလား၊ ဒါက နည်းနည်းလေး ခက်ခဲတယ်"

     လီကွမ်ရီက မျက်လုံးပြူးပြီး ပြန်ကြည့်သည်။
     "ဟမ် ... ခဏတုန်းကတော့ မင့်ရင်ဘတ်ကြီး ပုတ်ပြီး ငါ့ကို အာမခံခဲ့တယ် မဟုတ်လား"

     စစ်ခုန်ထုန်ထျန်းက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်သည်။
     "သခင်၊ ဒီလူငယ်လေးက လျှို့ဝှက်တောင်ကြားမှာ အဆင့်အတန်း အနည်းငယ် ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် သေမင်းသခင် ဘိုးဘေးကို တွေ့ဖို့ အရည်အချင်း မရှိသေးပါဘူး၊ ငါ့လိုလူမပြောနဲ့ အခြားဘိုးဘေးတွေလည်း ဒီလို အခွင့်အရေး မရှိပါဘူး ..."

     သေမင်းသခင်ဘိုးဘေးသည် လျှို့ဝှက်တောင်ကြားရဲ့ အကြီးဆုံးနဲ့ ရှေးအကျဆုံး ဘိုးဘေးတစ်ယောက် ဖြစ်သည်။ တပည့်အားလုံးနီးပါးမှာ သူ့ကို မမြင်ဖူးကြပေ။ သူ့အကြောင်းကြားဖူးရုံလောက်သာ ရှိကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now